ခွေးစာများကိုခိုးစားနေပြီး မိဘများက မိသွားသောအခါ သူမ ခိုးစားသည်ကို ဝန်မခံဘဲ မစားရကြောင်း မိဘနှစ်ပါးကို အပြိုင်ငြင်းနေသည့် ကလေးမလေး၏ ချစ်စဖွယ်အမူအရာလေး (ရုပ်သံ )

ခွေးစာများကိုခိုးစားနေပြီး မိဘများက မိသွားသောအခါ သူမ ခိုးစားသည်ကို ဝန်မခံဘဲ မစားရကြောင်း မိဘနှစ်ပါးကို အပြိုင်ငြင်းနေသည့် ကလေးမလေး၏ ချစ်စဖွယ်အမူအရာလေး

ကလေးငယ်လေးများ၏ ဘဝသည် အဆုံးမဲ့လှသော ပျော်ရွှင်စရာများဖြင့် အသက်အရွယ်ကြီးရင့်သူတိုင်း ပြန်လည်လွမ်းဆွတ်နေရသော ဘဝကလေးပင်ဖြစ်သည်။ယခုတွင်လည်း အသက်၂နှစ်အရွယ်သာရှိသေးသည့် ကလေးငယ် Lilianaလေး၏ စကားပြောဆိုပုံအမူအရာလေးဟာ အလွန်ပင်ချစ်စဖွယ်ကောင်းနေလှပါတယ်။

 

ကလေးမလေးဟာ ခွေးကျွေးသည့် အစာထုပ်ကလေးကို ယူဆောင်ပြီးစားသောက်နေခဲ့ပါတယ်။ထို့ကြောင့် မိဘများက တွေ့သွားခဲ့ပြီး ကလေးမလေးကို ခွေးစားတွေယူစားတယ်လို့ ပြောဆိုသောအခါ ကလေးကငြင်းနေခဲ့ပါတယ်။

မိခင်ဖြစ်သူက မျက်စိနဲ့ ကိုယ်တိုင်တွေ့တာလေဟုပြောဆိုသော်လည်း ကလေးမလေးမှာ ချစ်စဖွယ် ကောင်းအောင် မိခင်တို့နှင့်အပြိုင် ငြင်းနေခဲ့ပါတယ်။ကလေးမလေး၏ မိဘများကို အပြိုင်အဆိုင်ငြင်းနေသော ပုံရိပ်လေးဟာ အလွန်ပင်ချစ်စရာကောင်းနေခဲ့ပြီး လူတိုင်းကို ကလေးဘဝပြန်ရောက်စေချင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*