
ခွေးကလေးခြေထောက်ကျိုးနေသဖြင့် တိရစ္ဆာန်ဆရာဝန်ထံသွားပြလိုက်သော ခွေးပိုင်ရှင်တစ်ဦး၏ ကိုယ့်နဖူးကိုပြန်ရိုက်ပြီး ပြန်လာခဲ့ရတဲ့အဖြစ်
ယခုဖော်ပြထားသည်မှာ ခွေးကလေးနှင့် ပိုင်ရှင်တစ်ဦးတို့၏ အလွန်ချစ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။လူတွေအားလုံးသိထားသည့်အတိုင်း ခွေးများသည် အိမ်မွေးတိရိစ္ဆာန်များဖြစ်ကာ လူသားတို့၏စကားကို အလွန်နားလည်နိုင်ကြပေသည်။
မစ္စတာရပ်စယ်ဂျုံးဆိုသည် ခွေးပိုင်ရှင်တစ်ဦးသည် မတော်တဆတစ်ခုကြောင့် ခြေထောက်ကျိုးဒဏ်ရာတစ်ခုကို ရရှိခဲ့ပါသည်။ထို့ကြောင့်ဆေးခန်းပြကာ ကျောက်ပတ်တီးစီးခဲ့ပြီး လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြစ်နေခဲ့ရပါသည်။
မစ္စတာရပ်စယ်ဂျုံးခြေထောက်ကျိုးပြီး နောက်တစ်ရက်တွင် သူ၏ခွေးကလေးသည် ခြေထောက်တစ်ဖက်မထောက်နိုင်ပဲ လမ်းလျောက်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ထို့ကြောင့် မစ္စတာရပ်စယ်ဂျုံးသည်လည်း စိတ်ပူသွားကာ ဆေးကုသမှုအမြန်ဆုံး ပြုလုပ်ပေးနိုင်ရန် တိရိစ္ဆာန်ဆရာဝန်ထဲသို့ အမြန်ဆုံး ခေါ်သွားခဲ့ပါသည်။
တိရိစ္ဆာန်ဆရာဝန်ဆီသို့ရောက်သွား၍ ဆရာဝန်ပြောလိုက်သော စကားကြောင့် ခွေးပိုင်ရှင် မစ္စတာရပ်စယ်ဂျုံးသည် ငိုအားထက်ရယ်အားသန်နေခဲ့ရပါတော့တယ်။
အကြောင်းကတော့ ခွေးကလေးဟာ ခြေထောက်နာသဖြင့် လမ်းမလျှောက်နိုင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဖြစ်သူ၏ လမ်းလျှောက်သည့်ပုံစံကို လိုက်လံတုပကာ လမ်းလျှောက်နေသောကြောင့်ဖြစ်သည်။
Leave a Reply