
ခြံထဲကနွားကို ကျားတစ်ကောင်လိုဆေးခြယ်ပြီး လူစွမ်းကောင်းဓာတ်ပုံရိုက်ခဲ့ကြသူများ
ယခုလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလတွေမှာ လူတွေဟာအိမ်မှာသာနေထိုင်ပြီး TV လေးကြည့်ပြီး အနားယူနေကြတာပါ ။ ဒါကြောင့် လူအတော်များများက Netflix ကထုတ်လွင့်ပြသတဲ့ ဇာတ်ကားအတော်များများကို အားပေးကြည့်ရှုကြရင်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမေရိကန်နိုင်ငံ ၊ Wisconsin ပြည်နယ်မှာ နေထိုင်တဲ့ စိုက်ပျိုးမွေးမြူရေး လယ်ယာပိုင်ရှင်နှစ်ဦးကတော့ Netflix ကထုတ်လွင့်တဲ့ Tiger King လို့ခေါ်တဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် series ကို အတော်လေးကြိုက်နှစ်သက်သွားခဲ့ကြပါတယ် ။
ဒါကြောင့် ၎င်းတို့နှစ်ဦးကလည်း ခြံထဲမှာမွေးမြူထားတဲ့ နွားတစ်ကောင်ကို ကျားလို ဆေးခြယ်သပစ်လိုက်ပြီး လူစွမ်းကောင်တွေပုံစံနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ် ။ အခုလို ခရီးသွားလာမှုခက်ခဲပြီး လူတိုင်းအခက်တွေ့နေတဲ့အချိန်မှာ သူတို့ရဲ့ဓာတ်ပုံလေးတွေက ရယ်မောပျော်ရွှင်မှုကိုပေးစေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ရပါတယ် ။
#2
#3
#4
Leave a Reply