ခြေလက်မသန်စွမ်းပေမယ့်လည်း တတ်နိုင်သလောက်လမ်းသန့်ရှင်းရေးလုပ်ပေးနေတဲ့ လူတစ်ဦးကြောင့် အင်တာနက်သုံးစွဲသူများစိတ်မကောင်းဖြစ်ရ

ခြေလက်မသန်စွမ်းတဲ့ဦးလေးတစ်ယောက် ဖိလစ်ပိုင် Zamboanga Del Sur,Pagadian မြို့တွင် လမ်းပေါ်သန့်ရှင်းရေးလုပ်နေသည်ကို ဖေ့စ်ဘုတ်Page Matalinong Matsing မှာတင်ထားခဲ့တယ်။ စျေးလမ်းတစ်လျှောက်ညစ်ပတ်နေသည်ကို သန့်ရှင်းရေးလုပ်နေသည့် ထိုလူရဲ့ဓာတ်ပုံကိုမြင်တော့ အင်တာနက်သုံးစွဲသူတွေ စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ခြေလက်မသန်စွမ်းပေမယ့် အခြားလူစွန့်ပစ်ထားတဲ့အမှိုက်တွေကိုဆက်လက် သန့်ရှင်းရေးလုပ်နေပါတယ်။မူလဓာတ်ပုံရိုက်ကူးခဲ့သူက ဖေ့စ်ဘုတ်သုံးစွဲသူ Mamdouh Gallentes Balatucal ဖြစ်ပြီး မကြာမီမှာပဲ ထိုဓာတ်ပုံတွေကို အင်တာနက်မှာတင်ခဲ့တာဖြစ်ပါတယ်။

” Agora ဂိတ် ရအနားက Pagadian City, Zamboanga Del Sur မှာ သန့်ရှင်းလုပ်နေတဲ့ ဦးလေးတစ်ယောက်ပါ။သူ့ကို ဒီလိုပဲသန့်ရှင်းရေးလုပ်ထားခိုင်းတော့မှာလား ?ဦးလေးက အသက်လည်းကြီးနေပြီ..ခြေလက်တွေလည်းမသန်စွမ်းတော့ပါဘူး။ သူအနားယူသင့်နေပါပြီ ”လို့ Balatucal ရေးတင်ထားပါတယ်။

”သူ့ကိုမကူညီနိုင်ရင်လည်း နေပါ…အလုပ်မပိုရအောင် အမှိုက်တော့မပစ်ကြနဲ့ပေါ့”

Balatucal ရဲ့ ပို့စ်ကို အင်တာနက်သုံးစွဲသူအများပြားမျှဝပြီီး ဒီလိုညစ်ပတ်တဲ့အလုပ်တွေ မလုပ်သင့်ဘူးလို့ ပြောထားကြပါတယ်။ သူ့မိသားစုဝမ်းရေးအတွက် သူ့ဒီလိုရုန်းကန်နေရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်..ဒါပေမယ့် အဆင်ပြေနေတဲ့လူတွေက နည်းနည်းချင်းစီ ကူညီပေးမယ်ဆို ကောင်းမှာပဲ။သူ့ကို ရိုးရှင်းတဲ့အလုပ်လေးတစ်ခုပေးနိုင်တဲ့လူမရှိဘူးလားလို့ တစ်ချို့လူတွေကလည်း ပြောကြတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*