
အခုဖော်ပြပေးမှာကတော့ ခွေးလေးတစ်ကောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့ကို ကူညီပေးခဲ့တဲ့အဘွားဖြစ်သူအား မည်သို့ကျေးဇူးပြန်ဆပ်ရမည်ကို သစ္စာရှိစွာ စောင့်သိနေခဲ့ပါတယ်။ခွေးလေးဟာ နှစ်ပေါင်းများစွာမှ ယနေ့အထိ ခြေထောက်နာနေတဲ့အဘွားဖြစ်သူအတွက် မနက်တိုင်းလိုလို မနက်စာယူဆောင်လာပေးလေ့ရှိပါတယ်။ယခင်ပိုင်ရှင်က သူ့အားစွန့်ခွာသည့်အခါ ခွေးလေးဟာ လသားအရွယ်သာရှိပါသေးတယ်။
ထို့နောက် ခွေးလေးဟာ လမ်းဘေးခွေးအဖြစ် လေလွင့်ပြီးနောက် သူ့အား မွေးစားလိုက်တဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး နှင့် တွေ့ခဲ့ကာ ခွေးလေးရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်။
အဘွားဖြစ်သူရဲ့ခြေထောက်ဟာ ကြာကြာလမ်းလျှောက်ထွက်ဖို့ မရပါဘူး။ထို့ကြောင့် ခွေးလေးနှင့် အတူ မဆော့ကစားပေးနိုင်သလို အပြင်ထွက်လည်ဖို့လည်း မဖြစ်နိုင်တာကြောင့် ခွေးလေးအတွက် တစ်ခုတည်းသော အခွင့်အရေးမှာ အဘွားဖြစ်သူနဲ့အတူ နံနက်စာ ဝယ်ဖို့ စတိုးဆိုင်သို့ သွားရန်ဘဲ ဖြစ်ပါတယ်။
တစ်နေ့မှာ အဘွားဟာ အပြင်ထွက်နေစဉ်လဲကျသွားခဲ့ပြီးနောက် ခွေးလေးဟာ အဖွားနှင့်အတူ အပြင်ထွက်ရန်ရှိတဲ့တစ်ခုတည်းသော အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရပါတယ်။အစပိုင်းတွင် ခွေးလေးဟာ မနှစ်မြို့ဖွယ် ခံစားခဲ့ရပေမဲ့ ခွေးလေးက စတိုးဆိုင်သို့သွားရာလမ်းနှင့်အလွန်အကျွမ်းတဝင်ရှိတာကြောင့် သူ့ရဲ့အဘွားအတွက် နံနက်စာဝယ်ယူပြီးကတည်းက စတိုးဆိုင်သို့နေ့တိုင်းသွားရန် ဆုံးဖြတ်ခဲ့ပုံပါဘဲ။
ခွေးလေးဟာ စတိုးဆိုင်သို့ စရောက်လာချိန်မှာ အစောင့်ဝန်ထမ်းက ခွေးလေး ဘာဖြစ်နေတာကို မသိခဲ့ပေမဲ့ ခွေးလေးရဲ့ပါးစပ်ထဲက မနက်စာအိတ်ထုပ်ကို မြင်ပြီးနောက်မှ အစောင့်ဟာ နားလည်သွားခဲ့ပါတော့တယ်။နောက်ပိုင်း ခွေးလေးဟာ အဘွားဖြစ်သူအတွက် မနက်စာပြင်ဆင်ပေးဖို့က သူ့အတွက် ပုံမှန်အလုပ်လိုဖြစ်လာခဲ့ပါတယ်။
ခွေးလေးဟာ မနက်စာ ဝယ်ရန် စတိုးဆိုင်သို့ နေ့တိုင်းလိုလို မိုးသည်ဖြစ်စေ နေပူသည်ဖြစ်စေ ၁၀ နှစ်ကြာသည်အထိ သွားခဲ့ပါတယ်။ယခုချိန်မှာ ခွေးလေးဟာ အသက်ကြီးလာခဲ့ပေမဲ့ ခွေးလေးဟာ အဘွားဖြစ်သူကို အရမ်းချစ်တာကြောင့် အဘွားမနက်စာလွတ်သွားပြီး သူမဆာလောင်သွားမှာကို အမြဲစိုးရိမ်နေခဲ့ပါတယ်။
ထို့ကြောင့် လူသားတို့ဟာ တိရိစ္ဆာန်များကို အနည်းငယ်သာချစ်ပေးတတ်ကြပေမဲ့ တိရိစ္ဆာန်လေးတွေကတော့ ကျွန်တော်တို့ထပ် ပိုပြီး ပေးဆပ်ထားတတ်ကြပါတယ်။ထို့ကြောင့် တိရိစ္ဆာန်လေးတွေကို ကြင်နာပေးသင့်ပါတယ်။လူတွေဟာ သူတို့ရဲ့ဘ၀မှာ အခြားလူများစွာနဲ့တွေ့ဆုံကြပေမယ့် သစ္စာစောင့်သိတဲ့တိရိစ္ဆာန်အတွက်တော့ သူတို့ဘဝမှာ မင်းတစ်ယောက်တည်းသာရှိနေတတ်ပါတယ်။
Leave a Reply