ခြေထောက်နာနေသဖြင့် ကိုယ်တိုင်ဆေးခန်းလာပြသည့် လမ်းဘေးက ချစ်စဖွယ် ခွေးလိမ္မာလေးကို အလုအယှက်မွေးစားချင်နေကြ

ခြေထောက်နာနေသဖြင့် ကိုယ်တိုင်ဆေးခန်းလာပြသည့် လမ်းဘေးက ချစ်စဖွယ် ခွေးလိမ္မာလေးကို အလုအယှက်မွေးစားချင်နေကြ

တိရိစ္ဆာန်းလေးများ၏ အသိညဏ်သည် တစ်ခါတစ်လေတွင် လူသားတို့ကိုပင် အံအားသင့်ဖွယ် ဖြစ်စေခဲ့သည်။ဘရာဇီးနိုင်ငံတွင် ခွေးလေးတစ်ကောင်ဟာ သူ၏ခြေထောက်နာကျင်နေပြီး လမ်းလျှောက်ရန် အခက်အခဲ ဖြစ်နေသည့်အတွက် ဆေးခန်းသို့ လာပြခဲ့ပါတယ်။

ခွေးကလေးဟာ လမ်းဘေးတွင် သွားလားရင်းဖြင့် ဒဏ်ရာရှိသွားခြင်းမျိုးဖြစ်နိုင်ပြီး ဆေးခန်းထဲသို့ ဝင်ရောက်လာခဲ့သဖြင့် ဆရာဝန်ဆရာမက ခွေးလေးကို ကြည့်ရှုပြီး သန့်ရှင်းရေးများ ပြုလုပ်ပေးကာ ဆေးကုသပေးခဲ့ပါတယ်။

ထို့နောက်တွင် ဆရာဝန်ဟာ ခွေးကလေး၏ ဆေးခန်းလာပြသော ပုံရိပ်များကို လိုင်းပေါ်တွင် တင်လိုက်ရာမှ ခွေးကလေးကို လူအများက စိတ်ဝင်စားလာကြသည်။ခွေးကလေးတွင် ပိုင်ရှင်မရှိသေးသည်ကို သိရှိသောသူများက ခွေးလေးအား မွေးမြူရန် ဆရာဝန်ထံ ကမ်းလှမ်းလာမှုများ ရှိနေခဲ့ပါတယ်။

ဆရာဝန်ဟာ ခွေးကလေးခြေထောက် သေချာစွာ မပျောက်ကင်းသေးသည့်အတွက် မွေးမြူမည့်သူကို လက်မခံသေးဘဲ ခွေးကလေး နေကောင်းမှသာလျှင် သင့်တော်မည့်သူထံ ပေးအပ်သွားမည်ဟု သိခဲ့ရသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*