ခြေထောက်နာကျင်နေပေမဲ့ ကိုင်ထားတဲ့ ပါဝါအနီကို အဆုံးထိလက်ဆင့်ကမ်းနိုင်ရန် ဂိုးပေါက်ဆီကို ဒူးထောက်ပြီးသွားခဲ့တဲ့ အပြေးသမား (ရုပ်သံ)

ခြေထောက်နာကျင်နေပေမဲ့ ကိုင်ထားတဲ့ ပါဝါအနီကို အဆုံးထိလက်ဆင့်ကမ်းနိုင်ရန် ဂိုးပေါက်ဆီကို ဒူးထောက်ပြီးသွားခဲ့တဲ့ အပြေးသမား (ရုပ်သံ)

ဂျပန်နိုင်ငံက Fukuoka ပြည်နယ်ရှိ Rei lida လို့ခေါ်တဲ့ ဂျပန်အပြေးသမားတစ်ဦးဟာ မာရတွန်အပြေးပြိုင်ပွဲအတွင်းမှာ သူမခြေထောက် နာကျင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း သူမလက်လျှောမဲ့အစား ရဲရင့်စွာနဲ့ တွားသွားခဲ့ပြီး အဆုံးထိလက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ၎င်းအပြေးသမားဟာ ကျန်ရှိနေတဲ့ ကိုက်ပေါင်း ၂၀၀ အတွင်းမှာ တွားသွားနေစဥ် သူမရဲ့ လက်နဲ့ ဒူးတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

သူမကို “ရပ်တော့မလား” လို့ မေးလိုက်အခါမှာ Rei က “မီတာ ဘယ်လောက်ဘဲကျန်ရှိပါစေ သူမ ဂိုးပေါက်ကို ဝင်မယ်” ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။ လူအများကတော့ ပြိုင်ပွဲထက် သူမရဲ့ကျန်းမာရေးဟာ ပိုပြီးအရေးကြီးတယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ပွဲထိန်းအရာရှိတွေကတော့ သူမကို အပြစ်ရှာခဲ့သော်လည်း Rei ဟာ ရပ်တန်းဖို့ နေနေသာသာ အဆုံးထိ ဆက်သွားခဲ့ပါတယ်။

ဒိုင်လူကြီးတစ်ဦးက “သူမကို ကျွန်တော် ဆက်မပြေးတော့ဖို့ ကြိုးကြိုးစားစားနဲ့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမလည်းစွဲမလျော့သလို့ ကျွန်တော်လည်း သူမဂိုးပေါက် အဆုံးထိကိုတော့ သွားနိုင်လိမ့်မယ်လို့ ခံစားနေရပါတယ် ” ဆိုပြီး နောက်ပိုင်းတော့ ဒေသခံသတင်းမှာ ပြောကြားခဲ့တာပါ။ နောက်တော့ Rei ဟာ ကုသမှုခံယူဖို့အတွက် ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ Rei ရဲ့ အသင်းဝင်တစ်ဦးဖြစ်တဲ့ Iwatani Co ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီနေ့ ရဲ့ အဖြစ်အပျက်က အလွန်ဘဲ စိတ်မ‌ကောင်းဖြစ်မိပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*