ခြေထောက်တွေဆုံးရှုံးခဲ့ပေမဲ့ ကလေးကစားစရာဖြစ်တဲ့ ကားရဲ့ဘီးကိုတပ်ဆင်ပေးကာ အဆင်ပြေပြေနဲ့ တွားသွားနိုင်ခဲ့တဲ့ မသန်စွမ်းလိပ်ငယ်လေး (ရုပ်သံ)

ခြေထောက်တွေဆုံးရှုံးခဲ့ပေမဲ့ ကလေးကစားစရာဖြစ်တဲ့ ကားရဲ့ဘီးကိုတပ်ဆင်ပေးကာ အဆင်ပြေပြေနဲ့ တွားသွားနိုင်ခဲ့တဲ့ မသန်စွမ်းလိပ်ငယ်လေး (ရုပ်သံ)

များသောအားဖြင့် မသန်မစွမ်းတဲ့ ခွေးတွေ သို့မဟုတ် ကြောင်တွေကို ပိုမိုမြန်ဆန်စွာ ရွေ့လျားသွားလားနိုင်ရန် ဘီးတပ်ကုလားထိုင်နဲ့ တပ်ဆင်ထားတာကိုကျွန်ုပ်တို့ ပုံမှန်အားဖြင့် မြင်တွေ့နေရပါတယ် ။

သို့ပေမဲ့ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရတဲ့လိပ်တစ်ကောင်ကို ထိန်းထားရန် တိရိစ္ဆာန်ဆရာတွေဟာ အမှန်တကယ်လိမ္မာပါးနပ်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ် ။ ကလေးကစားစရာဖြစ်တဲ့ LEGO ကား မှ ကားဘီးကို ယူပြီး Wheelchair အဖြစ် သူတို့ဖန်တီးခဲ့ကြပါတယ် ။

ပိုင်ရှင်ဖြစ်သူက Pedro အမည်ရှိလိပ်ငယ်လေးဟာ အဘယ်ကြောင့် သူ့ခြေထောက်တွေကို ဆုံးရှုံးရတယ်ဆိုတာမသိကြပေးမယ့် သူတို့ရဲ့ လိပ်ကိုတော့ အဆုံးရှုံးမခံနိုင်ခဲ့တာကြောင့် လိပ်ငယ်လေးကို ကယ်တင်ရန် Baton Rouge ရှိ Louisiana ပြည်နယ် ကုသရေးဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ် ။ စိတ်ဝင်စားစရာမှာ လိပ်ငယ်လေးရဲ့ ကျန်းမာရေးကတော့ အလွ‌န်ကောင်းတယ်လို့ ဆရာဝန်ကပြောခဲ့ပါတယ် ။

 

နောက်ပြီး လိပ်ငယ်လေးရဲ့ ခြေထောက်အတွက် သတ္တဗေဒပညာရှင်တစ်ဦးက ကစားစရာအရောင်းဆိုင်မှ LEGO ကားပစ္စည်းများ ဝယ်ယူခဲ့ပါတယ် ။ အဲ့ဒီနောက် ဘီးများကိုယူပြီး တိရိစ္ဆာန်နဲ့ သက်ဆိုင်တဲ့ epoxy ပါသည့်အစိတ်အပိုင်းများကို ပူးတွဲပြီး လိပ်ငယ်ကို ကပ်လိုက်ပါတယ် ။ ရလဒ်ဟာ အလွန်အံ့သြဖွယ်ကောင်းလွန်းပါတယ် ။ Pedro ဟာ Wheelchair နဲ့ အသုံးပြုလိုက်တဲ့အခါမှာ အခြားလိပ်များထက် ပိုမိုမြန်ဆန်လိမ့်မယ်လို့ ထင်မိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*