
အခုတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သခင်ရဲ့ပြင်ဆင်ခြယ်သပေးမှုကြောင့် သိုးတစ်ကောင်နဲ့တူနေသလို ဘောလုံးနဲ့ လည်း တူနေလို့ Instagram မှာ လူပြောများပြီး လူချစ်လူခင်များနေပါတယ်။
ဒီခွေးလေးက sesame လို့ခေါ်ပြီး ဂျပန်နိုင်ငံမှာ နေထိုင်တာပါ။ခွေးလေးရဲ့ဓာတ်ပုံတွေကို သခင်ဖြစ်သူက မျှဝေပေးလိုက်ပြီးတဲ့နောက်မှာ လူအများက “ ဟယ် သူက ဖျံ လား ၊ သိုး လား ၊ ခွေးလား ” ၊ “ ခွေးနဲ့သိုးနဲ့ စပ်ထားတာလား” ၊ “ ချစ်စရာလေး ဟယ်” စတဲ့ ချစ်မဆုံးတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
လူတစ်ယောက်က “ သူက ဒီဖျံနဲ့တူတယ်” ဆိုပြီး ဝကတ်နေတဲ့ ဖျံပုံလေးနဲ့ နောက်ပြောင်ထားပါသေးတယ်။တစ်ကယ်လည်း ခွေးလေးရဲ့ပုံစံက ဖျံနဲ့တူသလို သိုးနဲ့လည်းတူနေလို့ ချစ်ဖို့အရမ်းကောင်းနေပါတယ်။
#4
#5
#6
#7
#8
#9
#10
#11
Leave a Reply