ခြေချင်းဝတ်နာလို့ ဆရာဝန်သွားပြတော့မှ ယောင်္ကျားလေးဖြစ်နေမှန်း သိခဲ့ရတဲ့ အသက် 25 နှစ်အရွယ် မိန်းကလေး

ခြေချင်းဝတ်နာလို့ ဆရာဝန်သွားပြတော့မှ ယောင်္ကျားလေးဖြစ်နေမှန်း သိခဲ့ရတဲ့ အသက် 25 နှစ်အရွယ် မိန်းကလေး

တရုတ်နိုင်ငံကအမျိုးသမီးတစ်ဦးဟာ ခြေချင်းဝတ်နာကျင်လို့ ဆရာဝန်သွားပြတော့မှ သူမဟာ ယောင်္ကျားလေးအဖြစ်မွေးဖွားလာခဲ့သူမှန်းသိရှိခဲ့ရပါတယ် ။ Pingping အမည်ရှိတဲ့ အသက် 25 နှစ်အရွယ်မိန်းကလေးဟာ လစဉ်ရာသီလာခြင်းမျိုးမရှိတဲ့အပြင် ၊ သူမရဲ့ပြင်ပပုံစံကတော့ အမျိုးသမီးမအင်္ဂါဖြစ်နေခဲ့ပါတယ် ။

သူမရဲ့တစ်ဘဝလုံးကိုတော့ မိန်းမတစ်ယောက်လိုသာ နေထိုင်ဖြတ်သန်းလာခဲ့သူပါ ။ X-ray ရိုက်ပြီးခဲ့ချိန်မှ နာကျင်နေတဲ့သူမရဲ့ခြေကျင်းဝတ်ဟာ ယောင်္ကျားခြေကျင်းဝတ်ဖြစ်နေမှန်းဆရာဝန်ကပြောဆိုခဲ့လို့ သူမအတော်လေးထိတ်လန့်ခဲ့ရပါတယ် ။ သူမလိုအခြေအနေမျိုးဟာ အတော်လေးရှားပါးလွန်းလှပါတယ် ။

ငယ်ရွယ်စဉ်အချိန်က သူမဟာအမျိုးသမီးလစဉ်ရာသီလာတာမျိုးနောက်ကျခဲ့လို့ မိခင်ဖြစ်သူက ဆရာဝန်သွားပြခဲ့ပေမဲ့လည်း အဆိုပါအချိန်တုန်းက ဆရာဝန်ဟာအရွယ်ရောက်တာနောက်ကျလို့ဖြစ်ကြောင်းနှင့် နှစ်အနည်းငယ်အကြာမှာတော့ အပျိုဖော်ဝင်မှာဖြစ်ကြောင်းသာ ရှင်းပြခဲ့ပါတယ် ။ Pingping ကတော့ ‘ ကျွန်မအရွယ်ရောက်လာတော့ ရာသီမလာတဲ့ပြသာနာက ကျွန်မကိုအရှက်ရစေခဲ့ပါတယ် ၊ အဲ့ကြောင့် ဂရုတစိုက်ကုသခဲ့တာမျိုးမရှိခဲ့ပါဘူး ၊

ကျွန်မရဲ့ခင်ပွန်းနဲ့အတူ ကလေးရဖို့ကျွန်မတို့အတော်လေးကြိုးစားခဲ့ရပါတယ် ၊ ဒီလို ဆက်စပ်နေမှန်းမသိခဲ့ပါဘူး ‘ ဆိုပြီးပြောပြခဲ့ပါတယ် ။Pingping ဟာ သားအိမ်မရှိတဲ့အပြင် အဖိုအင်္ဂါပါမရှိတဲ့သူဖြစ်နေကြောင်းကို မကြာသေးခင်အချိန်ကမှ သိရှိသွားခဲ့ရတာဖြစ်ပါတယ် ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*