ခြင်္သေ့နဲ့တူပြီး ရှားပါးအရောင်ကြောင့် လူအများက ချစ်စနိုးနဲ့ Oreo Cloud လို့အမည်ပေးထားတဲ့ ခွေးလေး

၂၀၂၀ အစောပိုင်းမှာ ပိုင်ရှင်ဖြစ်သူက Chief အမည်ရှိတဲ့ ရှားပါးအရောင်လေးနဲ့ခွေးပေါက်စလေးရဲ့ ဓာတ်ပုံကို social mediaမှာ မျှဝေလိုက်တော့ Chief လေးဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။

ခွေးလေးရဲ့သိသာထင်ရှားတဲ့အမွေးတွေကြောင့် လူအများက သူ့ကို Oreo Cloud ဟု ခေါ်ခဲ့ကြပြီး သူ့ရဲ့ဓာတ်ပုံကို နေရာတိုင်းမှာ မျှဝေခဲ့ကြပါတယ်။တစ်ကယ်လည်း ခွေးလေးက Oreo မုန့်ကို ချေလိုက်ရင်ရတာတဲ့ အရောင်နဲ့တူနေပါတယ်။Chief က တစ်နှစ်မပြည့်သေးပေမဲ့လည်း ပေါင် (၅၀) ကျော်ရှိပြီး ဆက်ကြီးထွားလာနေပါတယ်။

ပိုင်ရှင်တွေက Chief လေး နာမည်ကျော်ကြားနေပေမဲ့ သူက နေရာတိုင်းမှာ ရှိတဲ့အခြားခွေးတွေနဲ့ အတူတူပါပဲလို့ ဆိုထားပါတယ်။အချို့လူတွေကတော့ သူတို့မှာ တကယ်မရှိတဲ့ Chief လိုခွေးမျိုးကို လိုချင်တဲ့လူတွေအား အတုရောင်းချဖို့ Chief ရဲ့မူရင်းဓာတ်ပုံတွေနဲ့ အဆက်မပြတ် အသုံးပြုနေခဲ့ကြပါတယ်။

သို့ပေမဲ့လည်း ရှားပါးတဲ့အရောင်ကြောင့် Oreo Cloud လို့လူသိများနေတဲ့ Chief လေးကတော့ အခုထိ social media မှာ ရေပန်းစားနေလျက်ရှိပါတယ်။

#5

#6

#7

#8

#9

#10

#11

#12

 

Be the first to comment

Leave a Reply

Your email address will not be published.


*