
ချောမောလှပအောင် ဖုန်းနဲ့တည်းဖြတ်ပြီး အသက်အရွယ်ကိုပါလိမ်လည်ပြောဆိုခဲ့တဲ့ TikTok star မိန်းကလေး
တရုတ်နိုင်ငံက Xi Hong Shi Ovo အမည်ရှိ Tiktok ကြယ်ပွင့် အမျိုးသမီးတစ်ဦးဟာ သူမရဲ့သူငယ်ချင်းက သူမရဲ့ တစ်ကယ့်အပြင် ရုပ်ရည်ကို ဓာတ်ပုံတွေနဲ့ ဖော်ထုက်ခဲ့ပါတယ်။ သူမက TikTok ပေါ်မှာ ပရိသတ်ပေါင်း ၈၀,၀၀၀ ကျော် ရရှိထားပြီး သူမရဲ့ လှပမှုကြောင့် ပရိသတ်တွေက “Douyin goddess” ဆိုတဲ့ ချစ်စနိုးအခေါ်အဝေါ်နဲ့ အခေါ်ခံခဲ့ရပါတယ်။
သူမရဲ့ တကယ့်ရုပ်ရည်ကို သိပြီးတဲ့နောက် follower တွေ တိုးလာခြင်းမရှိတော့ပါဘူး။ နောက်ပြီး ပရိတ်သက်တွေကိုလည်း သူမဟာ ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တယ်ဆိုပြီးလိမ်လည်ခဲ့သေးပါတယ်။ ဒါပေမဲ့ သူမရဲ့သူငယ်ချင်းပြောဆိုအချက်အရ Xi Hong ဟာ ၁၉၉၆ ခုနှစ်က မွေးဖွားဒါဖြစ်ပြီး အခုဆို သူမအသက်ဟာ ၂၅ နှစ်လောက်ရှိပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။
နောက်ပြီး Xi Hong က သူမရဲ့ ရည်းစားဟောင်းကိုပါ လိမ်လည်ခဲ့သေးကြောင်း ကောင်လေးက ပြောလာခဲ့ပါတယ်။ သူတို့နှစ်ဦးက အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ခဲ့တာပါ။Xi Hong က ကောင်လေကို သူမ အရပ်အမြင့်က ၁၆၅ စင်တီမီတာရှိပြီး ကိုယ်အလေးချိန်က ၄၀ ကီလိုဂရမ် ဝန်းကျင်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
နောက်ပြီး Xi Hong က သူ့ကို XL size အဝတ်တွေ ဝယ်ပေးဖို့ အမြဲတောင်းဆိုခဲ့ပါတယ်။နောက်ဆုံး သူမအကြောင်းကို သိလိုက်ရတော့ သူမရဲ့အရပ်အမြင့်က ၁၅၅ စင်တီမီတာ နဲ့ ကိုယ်အလေးချိန်က ၅၀ ကီလိုဂရမ် (သို့) အဲ့ထက်ပိုကောင်းပိုနိုင်သေးကြောင်း သူမရဲ့ ရည်စားဟောင်းက ပြောပြလာခဲ့ပါတယ်။
ပရိတ်သက်တွေက သူမရဲ့လိမ်လည်မှုကို ခံလိုက်ရလို့ သူတို့တွေ အရမ်းကို ဒေါသဖြစ်ပြီး သူမကို ဆဲဆိုမှုတွေပြုခဲ့သေးပါတယ်။
Zawgyi
Leave a Reply