
ချောမောလှပပြီး တပည့်အပေါ်တွင်ထားရှိသော စစ်မှန်သည့် စေတနာတို့ကြောင့် နာမည်ကျော်လာသော်လည်း အခြားသူများက မနာလိုဖြစ်ကာ ငွေကြေးအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံခဲ့ရသည့် ဆရာမလေး
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး စေတနာထားကာ တစ်ဦး၏အောင်မြင်ကို တစ်ဦးက ဂုဏ်ယူနေရမည်ဖြစ်ပေသည်။ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၂၈နှစ်အရွယ် Gina Long Jingjingဆိုသည့်ဆရာမလေးဟာ အလွန်ချောမောလှပသည့်အပြင် တပည့်တို့အပေါ်တွင် ထားရှိသော စေတနာတို့ကြောင့် နာမည်ကျော်နေသူဖြစ်ပါတယ်။
ဆရာမလေးဟာ သူမတာဝန်ကျနေသည့်ရွာတွင်လည်း တစ်ရွာလုံး၏လေးစားခြင်းကို ခံနေရသူဖြစ်ပါတယ်။သို့သော်လည်း အခြားဆရာတစ်ဦးဟာ သူမ၏အောင်မြင်မှုကို မနာလိုဖြစ်ကာ ကလေးတိုးတက်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ တရားစွဲတိုင်းကြာခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် အဖမ်းခံခဲ့ရသော်လည်း ဆရာမလေးဟာ အမှန်တရားကို ယုံကြည်သည့်အတွက် ကြောက်ရွံ့ခြင်းမရှိဘူးဟု ဆိုခဲ့ပါတယ်။
Zawgyi
Leave a Reply