
ချောမောလှပပြီး စကားသံချိုချိုနှင့် လိုင်းပေါ်ရှိ ဂိမ်းသမားပရိတ်သတ်များဧ။် အချစ်တွေကို သိမ်းယူနိုင်ခဲ့သည့် မိုဘိုင်း Game Streamer မလေး
ယနေ့ခေတ်တွင် အွန်လိုင်းပေါ်ရှိ ဂိမ်းများကို ဆော့တတ်ရင် ဆော့နိုင်သလို အောင်မြင်သွားပါက Game Live Stream များလွှင့်ကာ ဝင်ငွေရရှိနိုင်၍ ဂိမ်းဝါသနာအိုးများအနေနှင့် အခွင့်အလမ်းတစ်ခုဖြစ်လျက်ရှိသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ Alpha Island အမည်ရှိသူ မိန်းကလေးသည် နာမည်ကြီး အွန်လိုင်းဂိမ်းတစ်ခု ဖြစ်သော Mobile Legends ဂိမ်းအား ကစားရာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် မိန်းကလေးသည် Accountတွင် Live လွှင့်ပြီး ဂိမ်းများ ဆော့ပြခဲ့ရာ တဖြည်းဖြည်း ကြည့်ရှုသူများလာခဲ့ပြီးနောက် Game Streamer တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီး ဝင်ငွေများစွာ ရှာခဲ့သည်။
မိန်းကလေးသည် ဂိမ်းဆော့ရာတွင် ဆရာကျသည့်အပြင် ချောမောလှပပြီး အသံလေးမှာလည်း ချိုသာ၍ ချစ်စရာကောင်းလွန်းသော အပြုအမူလေးတွေကြောင့်ပဲ ကြည့်ရှုသူ ဂိမ်းပရိတ်သတ်များကြားတွင် ရေပန်းစားလျက် ရှိသည်။
မိန်းကလေးသည် ၃နှစ်နီးပါး Live Streamer လုပ်ခဲ့ပြီး နိုင်ငံတကာအသီးသီးဧ။် ကြည့်ရှု အားပေးမှု အမြောက်အများရရှိနေပြီဖြစ်သည်။
Zawgyi
Leave a Reply