ချောမောလှပတဲ့ ဘဏ်မန်နေဂျာမိန်းကလေးကို ချစ်ကြိုက်မိသောကြောင့် ကြွယ်ဝချမ်းသာသော ပိုက်ဆံများ ကုန်သွားခဲ့သည့် အသက်၇၀အရွယ် ဘီလျံနာသူဋ္ဌေးကြီး

ချောမောလှပတဲ့ ဘဏ်မန်နေဂျာမိန်းကလေးကို ချစ်ကြိုက်မိသောကြောင့် ကြွယ်ဝချမ်းသာသော ပိုက်ဆံများ ကုန်သွားခဲ့သည့် အသက်၇၀အရွယ် ဘီလျံနာသူဋ္ဌေးကြီး

အသက်၇၀အရွယ်ရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်မှ ဘီလျံနာအဖိုးအိုတစ်ဦးဟာ သူ၏ဇနီးသည် သေဆုံးသွားခဲ့သောကြောင့် တစ်ယောက်တည်း အထီးကျန်နေခဲ့ပါတယ်။ထို့ကြောင့် ဘဝ၏ ကူဖော်လောင်ဖက်တစ်ဦးကို ရှာဖွေနေခဲ့ချိန်တွင် လိုင်းပေါ်မှ တစ်ဆင့် အသက်၃၅နှစ်အရွယ် ဘဏ်မန်နေဂျာ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။

ထို့နောက် စကားများပြောကြည့်ပြီး ၃ရက်အကြာတွင် ချစ်သူရည်းစားများဖြစ်သွားခဲ့ကြပါတယ်။ရည်းစားဖြစ်ပြီး မကြာမီအချိန်မှာဘဲ အမျိုးသမီးဟာ ကားလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်အတွက်ဟုဆိုကာ VNDနှစ်ဘီလီယံကို တောင်းခံခဲ့ပါတယ်။သူဋ္ဌေးကြီးဟာလည်း အမျိုးသမီးကို ယုံကြည်ကာ ထုတ်ပေးခဲ့မိပါတယ်။

နောက်ပိုင်းတွင် ကောင်မလေးဟာ အမျိုးမျိုးအကြောင်းပြပြီး များပြားလှသော ငွေကြေးများကို အမြဲတောင်းခံနေခဲ့ပါတယ်။ကြာလာသော အခါကောင်မလေးဟာ အဆက်အသွယ်ဖြတ်ပြီး အဖိုးအိုကို ထားသွားခဲ့ပါတယ်။အဖိုးအိုဟာ ရဲများကို အကူအညီတောင်းထားပြီး ရဲများဟာလည်း စုံစမ်းမှုများကို လုပ်ဆောင်ပေးနေတယ်ဟု သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*