
ဖိလစ်ပိုင်နိုင်ငံManilaမြို့ရဲ့လမ်းမဘေးတစ်နေရာမှာ၊ပန်းရောင်းနေတဲ့ချောမောလှပတဲ့ကောင်မလေးတစ်ယောက်ရဲ့ပုံကို၊facebook အသုံးပြုသူတစ်ယောက်ကဓာတ်ပုံရိုက်ထားပီး၊ပို့စ်တင်ထားခဲ့ပုံတွေဟာအွန်လိုင်းမှာပျံ့နှံ့ခဲ့ပီး၊လူအများရဲ့အာရုံစိုက်ခြင်းကိုခံနေခဲ့ရပါတယ်။၎င်းပို့စ်ဟာအချိန်တိုအတွင်းမှာပဲထောင်ချီတဲ့likeနဲ့ကောမန့်တွေများစွာကိုရရှိခဲ့ပါတယ်။
Veronicaလို့ခေါ်တဲ့အမျိုးသမီးငယ်လေးဟာ၊broken family ကနေကြီးပြင်းလာတာဖြစ်တဲ့အတွက်ကြောင့်၊အမေဖြစ်သူနဲ့အတူမနီလာမြို့မှာနေထိုင်ပီး၊စားဝတ်နေရေးအတွက်မိခင်ဖြစ်သူနဲ့အတူအသက်(5)နှစ်အရွယ်တည်းကပန်းရောင်းကူခဲ့တာပါ။ယခုအခါမှာတော့Veronicaလေးဟာအသက်(14)နှစ်အရွယ်အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်နေပါပီ။
သူမဟာသူမရဲ့ရုပ်ရည်ကြောင့်နာမည်ကြီးတာတင်မကပဲ၊သူမရဲ့စိတ်ရင်းစေတနာကောင်းမှုနဲ့၊သူမရဲ့ကြင်နာတတ်တဲ့စိတ်ထားတွေကြောင့်နာမည်ကြီးတယ်လို့လဲသိရပါတယ်။
သူမဟာမနက်စောစောထပီး၊ကျောင်းမသွားခင်အမေဖြစ်သူနဲ့အတူနေ့တိုင်းပန်းရောင်းတယ်လို့လဲသိရှိရပါတယ်။သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ကြောင့်ယခုအခါမှာဆိုရင်၊သူမရဲ့facebookမှာfollowerနေ့တိုင်းတက်နေခဲ့ပီးနာမည်ကြီးနေတယ်လို့သိရပါတယ်။
Leave a Reply