ချောက်ကြီးများရဲ့အထက် ပေ ၄၀၀ ကျော်အမြင့်ရှိတဲ့ကြိုးပုခက်ကို တည်ဆောက်ပြီး စွန့်စားခန်းဖွင့်ခဲ့ကြသူများ

ချောက်ကြီးများရဲ့အထက် ပေ ၄၀၀ ကျော်အမြင့်ရှိတဲ့ကြိုးပုခက်ကို တည်ဆောက်ပြီး စွန့်စားခန်းဖွင့်ခဲ့ကြသူများ

Utah နိုင်ငံ Moab မြို့ရှိ လူတစ်စုဟာ စွန့်စားခန်းတစ်ခုဖွင့်ဖို့ ကြံစည်ခဲ့ကြပါတယ်။သူတို့ဟာ မြင့်မားတဲ့မြင်ကွင်းရှုခင်း ၊သဲကန္တာရရှုခင်း ၊အံ့သြဖွယ်လမ်းကြောင်းများနှင့်ပြီးပြည့်စုံသောရာသီဥတုတို့အတွက် အဲ့ဒီစွန့်စားခန်းကို ရွေးချယ်ခဲ့ကြပါတယ်။သူတို့အုပ်စုထဲမှ လူဦးရေထပ်ဝက်လောက်က ကျွမ်းဘာကျွမ်းကျင်သူနှင့် ကြိုးတန်းပေါ်လမ်းလျှောက်သူတို့ ပါဝင်ပါတယ်။

သူတို့အားလုံးဟာ နှစ်စဉ်နှစ်တိုင်း တူရကီ BASE Boogie နှင့် G.G.B.Y. အတွက် ကမ္ဘာတစ်ဝှမ်းမှလာကြတဲ့အဖွဲ့တွေလည်း ပါဝင်ပါသေးတယ်။ယခုနှစ်မှာတော့ သူတို့ဟာ အသစ်အဆန်းအဖြစ် “Mothership Space Net Penthouse” လို့ သူတို့ခေါ်တဲ့ မြင့်မားတဲ့အနီရောင်ချောက်ကြီးများရဲ့အထက် ပေ ၄၀၀ ကျော်အမြင့်ရှိတဲ့ မယုံနိုင်စရာကောင်းတဲ့ကြိုးပုခက်ကို လူအယောက် ၅၀ ကျော်နဲ့ ၄ရက်အကြာ ဆောက်လုပ်ခဲ့ကြပါတယ်။

 

ကြိုးပုခက်ရဲ့အလယ်တည်တည်မှာ အပေါက်လုပ်ထားပြီး မြေအောက်ကို လေထီးလေးနဲ့ အပျော်စီးချင်သူတွေအတွက်ပါ ဆောက်လုပ်ထားပါသေးတယ်။အဆိုပါ စွန့်စားခန်းဟာ သူတို့အတွက် ကမ္ဘာနှစ်ခုလို ဖြစ်နေခဲ့ပြီး ကြိုးတန်းလမ်းလျှောက်သူတွေအတွက် တစ်ဖက်တစ်ချက်မှာရှိတဲ့ချောက်ကမ်းပါးပေါ်တစ်လျှောက် ၂၅၀ ပေရှည်လျားတဲ့ကြိုးတန်းကို အသက်စွန့်ဆံဖျား ကြိုးစားလျှောက်ကြည့်လို့လည်း ရပါသေးတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*