ချောကလက်အမြဲပျောက်နေတာကို သတိပြုမိပြီး အိမ်အပြင်ဘက်ကို ကင်မရာတပ်ဆင်ပြီးနောက် သူခိုးကိုဖမ်းမိကာ အံ့သြသွားခဲ့ရတဲ့ မိသားစုရဲ့အဖြစ် (ရုပ်သံ)
နှစ်စဉ်နှစ်တိုင်း Michele Boudreaux နဲ့ သူမရဲ့မိသားစုတို့က အားလပ်ရက်ရာသီအတွင်း နယူးဂျာစီပြည်နယ်၊ Maplewood ရှိ Delivery ပို့ဆောင်သူတွေ ထည့်ဖို့ သူတို့အိမ်ရှေ့မှာ ခြင်းတွေထားလေ့ရှိပါတယ် ။ ထို့အပြင် ပစ္စည်းတွေကို တစ်စုံတစ်ယောက်ခိုးယူမဲ့သူ ရှိလိမ့်မယ်လို့ သူတို့တွေ အနည်းငယ်မျှ မစိုးရိမ်ကြပါဘူး ။
တစ်နေ့မှာ Boudreaux က သူမရဲ့ ချောကလက်၊ နှုတ်ခမ်းနီ၊ ရေ၊ တစ်ရှူးတွေ ပါဝင်တဲ့ခြင်းထဲမှာ ချောကလက် ပျောက်နေတာကို သတိပြုမိခဲ့ပါတယ် ။ “ငါမယုံနိုင်ဘူး။ တစ်စုံတစ်ယောက်က ဘာလို့ ဒီလိုလုပ်ရမာ ။ ပြီးတော့ သူတို့က ဒီခြင်းထဲမှာ ဘာလို့ ဈေးအကြီးဆုံးချောကလက်ကိုဘဲ ယူတာလဲ။ ” လို့ Boudreaux က ပြောခဲ့ပါတယ် ။Boudreaux မကျေမနပ်ဖြစ်ခဲ့တာကြောင့် သူခိုးကို ဖမ်းဖို့ ခင်ပွန်းဖြစ်သူကို ကင်မရာတစ်ခု တပ်ခိုင်းလိုက်ပါတယ် ။
သူတို့က လူကိုဖမ်းမိမယ်ဆိုရင် ဘာမှတော့မလုပ်ပါဘူး ။ သူတို့ကချောကလက်အကောင်းစားတွေအားလုံးကို ဘယ်သူခိုးယူသွားလဲဆိုတာသိရဖို့က အရေးအကြီးတာပါ လို့ သူမကဆိုပါတယ် ။ ကင်မရာကိုတပ်ဆင်ပြီးနောက်တွင် Boudreaux နဲ့ သူမရဲ့ခင်ပွန်းက အပြင်ကို လမ်းလျှောက်ထွက်ပြီး သူတို့ပြန်လာတဲ့အခါမှာ သူခိုးကိုဖမ်းမိလိုက်ပါတယ် ။ ကင်မရာထဲမှာ ရှဥ့်တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ရှဥ့်ဟာ သူ့ရဲ့ သေးငယ်တဲ့ လက်လေးနဲ့ ချောကလက်အားလုံးကို သယ်နိုင်ခဲ့ပါတယ် ။ ထိုစုံတွဲက သူတို့မြင်နေခဲ့တာကို ခဏအချိန်ယူခဲ့ပြီး သူတို့မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ် ။
နောက်ပြီး ချောကလက်တွေကို ခိုးယူတဲ့ တိရစ္ဆာန်တစ်ကောင်က ဘယ်လိုလုပ်ပြီး ပြန်ရောနိုင်မာလဲလို့ သူတို့တွေးခဲ့တာကြောင့် နောက်နေ့တွေ ထိုစုံတွဲနှစ်ဦးက ရှဥ့်အတွက် ချောကလက်တွေ အိမ်အပြင်ဘက်မှာ ထားပြီး ရှဥ့်ကလည်း ပြန်လာပြီး ချောကလက်ကို သွားဖုံးနဲ့ဖုံးအုပ်ထားပြီး နေ့စဥ် လာယူစားသုံးခဲ့ပါတယ် ။
Zawgyi
Leave a Reply