
ချိန်းတွေ့သည့်အချိန်တိုင်းတွင် ချစ်သူကောင်လေးမှာ အစားအသောက်များစွာကို အလွန်စားသောကြောင့် ကိုယ်စားသည်ကို ကိုယ်ရှင်းရန် ပြောဆိုခဲ့သည့် မိန်းကလေး
ချစ်သူစုံတွဲတို့အတွက် စားသောက်ဆိုင်များတွင် ချိန်းတွေ့မှု ပြုလုပ်ကြသည်မှာ သဘာဝတစ်ခုပင်ဖြစ်ပေသည်။ထိုသို့ချိန်းတွေ့သောအချိန်တွင် စားသောက်ထားသည်များကို များသောအားဖြင့် ချစ်သူယောကျာ်းလေးများကသာ ငွေရှင်းပေးတတ်ကြသည်။
သို့သော် ချိန်းတွေ့တာ ကြာလာသောအခါတွင် ချစ်သူကောင်မလေးမှာလည်း ကောင်လေးပိုက်ဆံမကုန်စေရန် ဝိုင်းကူးရှင်းပေးလာတတ်ကြသည်။ယခုတွင်လည်း ချစ်သူစုံတွဲတစ်တွဲသည် ချိန်းတွေ့သည့်အချိန်တိုင်းတွင် ကျသင့်ငွေကို တစ်ယောက်တစ်ဝက်စီ ရှင်းနေခဲ့ကြပါတယ်။
သို့သော် ချစ်သူကောင်လေးဟာ ချိန်းတွေ့တိုင်း အစားအသောက်များကို အလွန်စားနေသည့်အတွက် တစ်ယောက်တစ်ဝက်မရှင်းနိုင်ဘဲ ကိုယ်စားသည်ကို ကိုယ်ရှင်းရန် ကောင်မလေးက ပြောဆိုခဲ့ပါတယ်။
ထိုအကြောင်းကို ကောင်မလေးဟာ သူ၏ အကောင့်မှတစ်ဆင့် လိုင်းပေါ်တွင် တင်ထားကာ ချစ်သူကောင်လေးကို ပြောဆိုထားသောကြောင့် သိရှိရခြင်းဖြစ်ပါတယ်။
Leave a Reply