ချမ်းအေးလွန်းလို့ အိမ်ထဲပေးဝင်ဖို့ တံခါးခေါက် အကူအညီတောင်းနေခဲ့တဲ့ လမ်းဘေးကြောင်လေး(ရုပ်သံ)

ကနေဒါနိုင်ငံ Quebec မြို့ရှိ ချမ်းအေးလွန်းပြီး နှင်းတွေဖုံးလွှမ်းနေတဲ့နေ့တစ်နေ့မှာ အမျိုးသမီးတစ်ဦးဟာ သူမအိမ်နောက်ဖေးမှ ငိုနေတဲ့သံကြားခဲ့ရကာ သွားကြည့်လိုက်တော့ နှင်းပုံပေါ်ရပ်နေတဲ့ အဝတ်အစားတွေလိုအပ်နေပုံရတဲ့ လိမ္မော်ရောင် ကြောင်လေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ကြောင်လေးက သူ့မှန်တံခါးကို ခေါက်ပြီး အကူအညီတောင်းနေခဲ့ပါတယ်။

ကြောင်လေးကိုသာ မတွေ့ခဲ့ရင် သူ အပြင်မှာ အေးခဲပြီး သေဆုံးသွားနိုင်ကြောင်း ဆေးခန်းမှူး Simard က “ သူ့ပုံက အကူအညီ အရမ်းလိုအပ်နေတဲ့ပုံပါ ၊ ဆေးခန်းက လူတွေကိုလည်း ရန်မလိုခဲ့ဘူး ” လို့ ဆိုခဲ့ပါတယ်။

Aslan က နေ့တိုင်းလိုလို သူ့ရဲ့မွေးစားအမေကို သူလုံခြုံပြီးနွေးထွေးစွာ အိပ်စက်နေကြောင်း ၊ သူ့ကို မွေးစားပေးလို့ကျေးဇူးတင်တဲ့အရိပ်အယောင်တွေနဲ့ သူ့အမေနား အမြဲကပ်ပြီး အိပ်စက်နေခဲ့ပါတယ်။

Simard ဟာ Aslan လေးအတွက် အမြဲထာဝရအိမ် ရှာတွေ့သွားတော့ သူမကြောင်လေး Cleo နဲ့ Aslan လေးကို မခွဲစေချင်လို့ ဝမ်းနည်းနေခဲ့ရပါတယ်။“ Aslan လေးက ကျွန်မကို အရမ်းကပ်တာ ၊ သူ့လည်း ထာဝရအိမ်တွေ့သွားတော့ သူ့ကို မပို့ချင်ခဲ့ဘူး” လို့ Simard က ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*