ချမ်းအေးလွန်းလို့ မိသားစုတစ်စုရဲ့အိမ်အောက်မှာ ခိုးဝင်အိပ်နေရတဲ့ ဧရာမဝက်ဝံကြီး(ရုပ်သံ)

ချမ်းအေးလွန်းလို့ မိသားစုတစ်စုရဲ့အိမ်အောက်မှာ ခိုးဝင်အိပ်နေရတဲ့ ဧရာမဝက်ဝံကြီး(ရုပ်သံ)

ယခုလအစောပိုင်းလောက်က California ပြည်နယ် Tahoe ရေကန်အနီးရှိ မိသားစုတစ်စုဟာ သူတို့ရဲ့နေအိမ်အောက်က တွားသွားနေတဲ့ထူးဆန်းကျယ်လောင်တဲ့ဆူညံသံကို ရုတ်တရက်ကြားလိုက်တဲ့အခါ သူတို့ဟာ အနီးကပ်နားထောင်ကြည့်ဖို့ အိမ်ပြင်ဘက်ကို လှည့်ပတ်ကြည့်ပြီးတဲ့နောက် အိမ်အောက်မှာ အလွန်ကြီးမားတဲ့တိရိစ္ဆာန်တစ်ကောင်ရှိကြောင်းကို တွေးထင်နေခဲ့ကြပါတယ်။

အဆိုပါမိသားစုက ဝက်ဝံထိန်းသိမ်းရေးအဖွဲ့ချုပ်ကို အမြန်ဆက်သွယ်ခဲ့ရပြီး ၎င်းမိသားစုဟာ သူတို့ရဲ့အိမ်အောက်မှာဝက်ဝံကိုမတော်တဆပိတ်မိသွားတဲ့အတွက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်နေခဲ့ကြသလို ဝက်ဝံကိုလည်း ဘာဆိုးကျိုးမှမဖြစ်စေချင်ခဲ့ပါဘူး။

ထို့နောက် Ann Bryant အမည်ရှိတဲ့ BEAR အဖွဲ့ရဲ့အမှုဆောင်ညွှန်ကြားရေးမှူးက ၎င်းအခြေအနေကို နေ့တိုင်းကိုင်တွယ်နေသူမို့ ဘာလုပ်ရမှာကို အတိအကျသိနေခဲ့ပြီး ကြမ်းခင်းအောက်နောက်ထပ်ဝင်ပေါက်တစ်ခုကနေ ဝက်ဝံကိုကြိုးစားကြောက်လန့်စေတဲ့ ကျယ်လောင်တဲ့ဆူညံသံများပြုလုပ်ထားတဲ့ အထူးကိရိယာတစ်ခုကိုအသုံးပြုခဲ့ပြီး ဝက်ဝံကိုပြန်လွတ်မြောက်သွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဝက်ဝံကြီးက သူတို့ရှေ့ပြေးထွက်လာတဲ့အချိန်မှာ လူတိုင်းက တအံ့တဩကြီးနဲ့ ကြည့်နေခဲ့ကြပါတယ်။“ဝက်ဝံတွေက ဆောင်းရာသီအတွင်း သူတို့နေထိုင်ဖို့ လုံခြုံစိတ်ချရတဲ့နေရာကို အမြဲရှာဖွေနေတတ်ကြတယ် ၊ ဒါကြောင့် ဝက်ဝံတွေ စိတ်၀င်စားနိုင်တဲ့နေရာသို့ မလာနိုင်အောင်

ကိုယ်အိမ်ကို သေသေချာချာ ဂရုစိုက်ကြပါ ၊ ဝက်ဝံဟာ အရမ်းကြီးနေပေခဲ့ သူတို့ကို ကြောက်လန့်စရာမလိုပါဘူး ၊ သူတို့က သင့်ရဲ့အိမ်ကို ပျက်စီးဖို့လည်း ရည်ရွယ်ချက်မရှိကြပါဘူး” လို့ Bryant က ဝက်ဝံအကြောင်း ပြောပြခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*