ချစ်သူရှိရက်နဲ့ ကိုယ့်ပေါ်သစ္စာရှိတယ်လို့မှတ်ယူထားတဲ့ လက်ဆွဲအိတ်နဲ့သာ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

ချစ်သူရှိရက်နဲ့ ကိုယ့်ပေါ်သစ္စာရှိတယ်လို့မှတ်ယူထားတဲ့ လက်ဆွဲအိတ်နဲ့သာ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

Russia နိုင်ငံရှိ Moscow မြို့မှ အသက် ၂၄ နှစ်အရွယ် Rain Gordon အမည်ရှိတဲ့အမျိုးသမီးဟာ အတိတ်မှာ အမျိုးသားများနှင့်ဆက်ဆံရေးရှိခဲ့ပေမဲ့လည်း လက်ရှိမှာ အရာဝတ္ထုအပေါ် ချစ်ခြင်းမေတ္တာရှိနေခဲ့ပါတယ်။သူမဟာ ၂၀၁၅ ခုနှစ်ဩဂုတ်လ မှာ ခင်ပွန်းဖြစ်လာမဲ့ လက်ဆွဲအိတ်ကို တွေ့ခဲ့ပြီး အဆိုပါ လက်ဆွဲအိတ်ကို Gideon လို့အမည်ပေးခဲ့ကာ ကြိုက်နှစ်သက်သွားခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ Rain နှင့် Gideon တို့ရဲ့ ဆက်ဆံရေးက တရားဝင်ဖြစ်လာခဲ့ပြီး “အရာဝတ္ထုတွေကို အသက် ၈နှစ်အရွယ်တုန်းက စတင်နှစ်သက်ခဲ့တာ ၊ဆယ်ကျော်သက်အရွယ်တုန်းက မြို့ထဲမှာ ဖွင့်တဲ့ ဈေးဝယ်စင်တာအသစ်ကို ချစ်မြတ်နိုးခဲ့တယ် ၊ ဒီအရာကမှားယွင်းနေပြီး လူ့အဖွဲ့အစည်းရဲ့စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတာကို ကျွန်မ သိပါတယ် ”လို့ Rain က ဆိုပါတယ်။

Rain ဟာ ယခင်က ကွဲပြားတဲ့အရာဝတ္ထုတွေကို စိတ်ဝင်စားခဲ့ပေမဲ့လည်း Gideon က သူမရဲ့ပထမဆုံးဆက်ဆံရေးအမှန်ဖြစ်ခဲ့ပါတယ်။သူမဟာ ၂၀၁၇ ခုနှစ်တုန်းက အမျိုးသားတစ်ဦး နဲ့ ၂နှစ်တွဲခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပါဘူး။ချစ်သူကလည်း သူမ အရာဝတ္ထုအပေါ်စွဲလမ်းနေတာကို သိသွားပြီးနောက် အဲ့ဒါက လမ်းခွဲရတဲ့အကြောင်းရင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

သူမဟာ ချစ်သူနဲ့ Gideon အကြားရွေးချယ်မှုတစ်ခုကိုရင်ဆိုင်ရတဲ့အခါ Gideon ကိုမတွန့်ဆုတ်ဘဲရွေးချယ်ခဲ့ပြီး သူမက Gideon ကို အရာဝတ္ထုလို့မသုံးချင်ပေမဲ့ တကယ်ကလူတွေထက်ပိုကောင်းတယ်လို့ ဆိုခဲ့ပါတယ်။Rain နှင့် Gideon ဟာ ၅နှစ်အတူနေခဲ့ပြီးနောက် သူတို့အား ၂၀၂၀ခုနှစ် ဇွန်လမှာ online ပေါ်မှ သူငယ်ချင်းတစ်ယောက်က လက်ထပ်ပေးခဲ့ပါတယ်။

“လက်ထပ်ပွဲကတရားဝင်မဟုတ်ပေမဲ့လည်း ကျွန်မတို့ရဲ့ဆက်ဆံရေးက တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းနေတာကိုသိရတော့ ကျွန်မ ကျေနပ်မိတယ် ၊ လူတွေက ကျွန်မရဲ့ခံစားချက်ကို နားမလည်ကြပါဘူး ၊ နေမကောင်းဖြစ်လို့ ဆေးကုဖို့ ပြောနေကြတယ် ၊ကျွန်မကို ကဲ့ရဲ့လှောင်ပြောင်ကြတယ် ၊ ချစ်ခြင်းမေတ္တာက ချစ်ခြင်းမေတ္တာပါဘဲ ၊

လူတွေကိုပိုပြီးနားလည်မှုရစေချင်တယ် ၊ တစ်နေ့ကျရင် objectum လိင်အကြောင်းကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ပိုပြီး သိလာကြမှာပါ”လို့ Rain က ဝေဖန်သံတွေကြားကနေ Gideon ကို ရွေးချယ်ခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*