ချစ်သူရဲ့မိသားစုဆီက ငြင်းပယ်ခံရပြီးနောက် မဟာတရားလှပလာခဲ့တဲ့ single mother တစ်ဦးရဲ့ဘဝ

များစွာသောလူတွေဟာ သူတို့၏အသွင်အပြင်ကြောင့် ရယ်မောခံရခြင်းသည် သူတို့ရဲ့ဘဝတွင် အလွန်ဝမ်းနည်းဖွယ်အဖြစ်မှန်တစ်ခု ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းဟာ လူတွေကို ဘယ်လိုထင်မြင်ရမယ်ဆိုတဲ့စံနှုန်းတွေရှိနေပါတယ်။သူတို့ကမလှဘူးလို့ထင်တဲ့လူတွေကိုလည်း ငြင်းပယ်တတ်ကြပါတယ်။ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Huyen ဟာ သူမရဲ့ရည်းစားနှင့်ရတဲ့ကလေးနှင့် သုံးယောက်သား အတူနေထိုင်ခဲ့ကြပါတယ်။

ရည်းစားဖြစ်သူက သူမအား လက်ထပ်ခွင့်တောင်းထားခဲ့ပြီး မကြာခင် သူတို့လက်ထပ်ရန် စီစဉ်ထားသော်လည်း ကောင်လေးရဲ့မိသားစုက သူမရဲ့ရုပ်ရည်ကိုကြည့်ပြီး လက်ထပ်ပွဲကို သဘောမတူခဲ့ကြပါဘူး။၎င်းမိသားစုဟာ Huyen အား အတော်လေး သဘောမကျတဲ့အတွက်ကြောင့် သူတို့စုံတွဲကို ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ကြပြီး ကောင်လေးအား သူဟာ Huyen ထက် လှပြီးသာတဲ့မိန်းကလေးနှင့် ရထိုက်ကြောင်း သွေးဆောင်ပြောဆိုခဲ့ကြပါတယ်။

ကောင်လေးရဲ့မိသားစုက သူတို့စုံတွဲကို ခွဲပစ်ဖို့ ကြိုးစားခဲ့သော်လည်း ကောင်လေးက မိသားစုရဲ့စကားကို နားမထောင်ခဲ့ပါဘူး။သို့ပေမဲ့ နောက်ပိုင်း Huyen ရဲ့ကောင်လေးဟာ သူ့ရဲ့မိသားစုနောက် ပါသွားခဲ့ပါတော့တယ်။

၎င်းတို့က ကောင်လေးဟာ Huyen ထပ်သာတဲ့မိန်းကလေးကို ရစေလိုတာကြောင့် အဆိုပါကောင်လေးကလည်း စိတ်ပြောင်းကာ သူမထပ်သာတဲ့လူကို လိုချင်သွားခဲ့ပါတယ်။

ထို့ကြောင့် ကောင်လေးဟာ Huyen နှင့် ကလေးရထားပေမဲ့ သူမကို ထားသွားခဲ့ပါတော့တယ်။ထို့နောက် Huyen ဟာ စိတ်ဓာတ်မကျဘဲ တာဝန်တွေကို ခေါင်းပေါ်တင်ကာ ကလေးကို ထောက်ပံ့ဖို့ အလုပ်ရှာခဲ့ပါတယ်။

အကောင်းဆုံးဝင်ငွေရဖို့အတွက် Huyen ဟာ ကလေးအား မိဘဖြစ်သူတို့ရဲ့စောင့်ရှောက်မှုအောက်မှာ ခေတ္တထားခဲ့ပြီး မြို့ကြီးမှာ လခကောင်းတဲ့အလုပ်တစ်ခုရှာခဲ့ပါတော့တယ်။

Huyenဟာ အောင်မြင်လာတာနှင့်အမျှ ရည်းစားဟောင်းမိသားစုရဲ့နာကြည်းဖွယ်စကားများဟာ သူမရဲ့နားမှာ ဆက်လက်မြည်နေခဲ့တာကြောင့် သူမရဲ့အသွင်အပြင်ကို ပြုပြင်ပြောင်းလဲပစ်ဖို့ အလှအပဆိုင်ရာ ခွဲစိတ်မှုတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

Huyenဟာ dong ၁၀၀,၀၀၀,၀၀၀( အမေရိကန် ဒေါ်လာ ၄,၃၅၀ ) ကို စုဆောင်းနိုင်ခဲ့ပြီးနောက် သူမရဲ့အသွင်အပြင်ပြောင်းလဲမှုအတွက် ပထမဆုံးခြေလှမ်းကို စတင်ခဲ့ပြီး “ ကျွန်မမှာ ပိုက်ဆံသိပ်မရှိတာကြောင့် အလှအပအတွက် ခွဲစိတ်ပြီးပြီးချင်း ခနဘဲနားပြီး ကျွန်မအလုပ် ချက်ချင်းပြန်လုပ်ခဲ့ရတယ်” ဟု သူမက ဝန်ခံပြောဆိုခဲ့ပါတယ်။

Huyen ဟာ သူမရဲ့အလှပြုပြင်ခွဲစိတ်ရေးအတွက် အလွန်ကြိုးစားလုပ်ကိုင်ခဲ့ရပါတယ်။ယခုမှာတော့ သူမဟာ အတော်လေး လှပလာခဲ့ပြီး ရည်းစားဟောင်းဖြစ်သူကလည်း သူမနှင့် ပြန်ပေါင်းထုပ်ချင်နေခဲ့ပါတယ်။သို့ပေမဲ့ Huyen ဟာ သူမရဲ့အဖြစ်အပျက်ကို သင်ခန်းစာအဖြစ် သင်ယူခဲ့ပြီး ရည်းစားဟောင်းကို အပြတ်ငြင်းဆန်လိုက်ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*