ချစ်သူရသွားတဲ့သူငယ်ချင်းကို မတွေ့တော့လို့ သေသွားပြီလို့ဆိုပြီး အခေါင်းထဲထည့်ကာ စနောက်ခဲ့တဲ့ အမျိုးသားတစ်စု

ချစ်သူရသွားတဲ့သူငယ်ချင်းကို မတွေ့တော့လို့ သေသွားပြီလို့ဆိုပြီး အခေါင်းထဲထည့်ကာ စနောက်ခဲ့တဲ့ အမျိုးသားတစ်စု

ချစ်သူရည်းစား Relationship အသစ်တွေက အမြဲတမ်းပျော်စရာကောင်းပါတယ်။တစ်ယောက်အကြောင်း တစ်ယောက် ပိုသိရဖို့ အပြင်ထွက်လည်ပြီး ချိန်းတွေ့ပြီးအချိန်ကုန်ရခြင်းက အသစ်သောချစ်သူစုံတွဲတွေအတွက် ပျော်စရာကောင်းသလို ကြည်နူးစရာကောင်းတဲ့အရာတစ်ခုပါ။

အဲ့လိုတွေကြောင့် လူတစ်ယောက်က single ဘဝ ကနေ relationship ဘဝကို ရောက်သွားတဲ့အခါ အရင်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေကို မေ့ပြီး ပစ်ထားတတ်ကြပါတယ်။South Wales ရှိ အသက် ၂၀ အရွယ် Keiran Cable ဟာ ၁၉နှစ်အရွယ် ချစ်သူကောင်မလေး Jess Ferguson နဲ့ လွန်ခဲ့တဲ့ ၁၈ လကတည်းက ချိန်းတွေ့နေခဲ့ကြပါတယ်။သူတို့ဟာ အတူတူအချိန်ဖြုန်းရတာကြိုက်ပြီး အလွန်ချစ်ဖို့ကောင်းတဲ့စုံတွဲလိုပါဘဲ။

 

သို့ပေမဲ့ Keiran ဟာ ရည်းစားလေးရလာတော့ အရင် single ဘဝတုန်းက သွားအတူ လာအတူရှိနေခဲ့တဲ့သူ့ဘော်ဒါ အယောက် ၅၀ ကို မခေါ်မတွေ့ မဆက်သွယ်တော့ဘဲ သူ့ကဘဲ သေသွားသလိုနဲ့ ဘော်ဒါတွေကြား လုံးလုံးပျောက်သလို ဖြစ်လာခဲ့ပါတယ်။

ထို့ကြောင့် သူဘော်ဒါအယောက် ၅၀ ကလည်း သူတို့ရဲ့သူငယ်ချင်းက သူ့ကိုသေသွားပြီလို့ စနောက်ဖို့ အခေါင်းတစ်ခုကို ကိုယ်တိုင်လုပ်ခဲ့ကြပါတယ်။တစ်နေ့ Keiran က စတိုးဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်လာတော့ သူ့ဘော်ဒါတွေက suit အင်္ကျီအပြည့်အစုံတွေနဲ့အတူ အခေါင်းတလားကို ထမ်းလာပြီး သူ့ဆီရောက်ချလာခဲ့ပါတယ်။

အဲ့ဒီနောက် Keiran ဟာ ၎င်းတို့ကို မြင်သွားတော့ ရယ်မောနေခဲ့ပြီး ဘော်ဒါတွေအလိုကျ အခေါင်းထဲကို ဝင်အိပ်ပေးခဲ့ပါတယ်။ဘော်ဒါတွေကလည်း အခေါင်းကို ကားထဲထည့်ပြီး လမ်းထဲမှာ လူအပြည့်နဲ့ ကားနောက်လိုက်ခဲ့ကြပါတယ်။ဘော်ဒါတွေထဲက တစ်ယောက်က ကျမ်းဆရာအဖြစ်ဟန်ဆောင်ပြီး“ Keiran က sg ကနေ rs ဖြစ်သွားပြီးနောက် သူ့ဘော်ဒါတွေကို အဆက်အသွယ်မလုပ်ဘဲ ပျောက်ခြင်းမလှပျောက်သွားလို့ နောက်ပိုင်းသူ့ကို မတွေ့နိုင်တော့လို့ သူဟာ သေဆုံးသွားပါပြီ” လို့စနောက်ပြီး ကျမ်းဖတ်ပြခဲ့ပါသေးတယ်။

 

Keiran ရဲ့ဘော်ဒါတွေကလည်း စနောက်တတ်လွန်းပါတယ်။ Keiran ကလည်း တစ်ကယ်လည်း စနောက်ချင်စရာကြီးပါ။ကောင်မလေးနဲ့တွေ့တော့ သူ့ဘော်ဒါတွေကို မရှိသလို သဘောထားပြီး အပျော်ကြီးပျော်နေခဲ့ပုံပါဘဲ။ဒီအကြောင်းလေးက ကြည်နူးစရာလေးပါ ၊ ဘော်ဒါတွေက သူတို့ရဲ့သူငယ်ချင်းမျက်နှာကို အရင်လို အမြဲမြင်ရဖူးမဖြစ်နိုင်တော့လို့ နောက်ဆုံးလက်လွတ်ပေးလိုက်ကြပုံပါဘဲ။

သို့ပေမဲ့ Keiran ရဲ့ချစ်သူကောင်မလေး Jess က ၎င်းအဖြစ်ကိုသိရတော့ သူမနဲ့ Keiran တို့ ပျော်ရွှင်တဲ့ဆက်ဆံရေးရှိနေချိန်အတွင်း Keiran ကို သူ့ဘော်ဒါတွေနဲ့ အပြင်ထွက်စေချင်တယ် လို့လည်း ဆိုခဲ့ပါသေးတယ်။စာဖတ်သူတို့မှာကော ရည်းစားလေးတစ်ယောက်ရတော့ ပျောက်ခြင်းမလှပျောက်သွားတတ်တဲ့ ဘော်ဒါတွေ ရှိနေပါသလား။

 

Be the first to comment

Leave a Reply

Your email address will not be published.


*