ချစ်သူရည်စားမဟုတ်တော့ပေမဲ့ ကောင်မလေးအတွက် အတူရှိခဲ့စဉ်ကပေးထားခဲ့တဲ့ ကတိကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား

Pao Atienza အမည်ရှိအမျိုးသား ဟာ သူ့ရည်စားဟောင်းရဲ့ ကျောင်းဆင်းပွဲကို အတူတူတက်ရောက်မယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ Atienza တို့ချစ်သူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းက ပြီးခဲ့ပြီဆိုပေမဲ့လည်း Atienza ဟာ သူတို့နှစ်ဦးအတူရှိခဲ့တုန်းကထားရှိခဲ့တဲ့ ကတိကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ထိုအချိန်မှ စပြီး Atienza တို့ဇာတ်လမ်းဟာ Facebook မှာ ပျံ့နှံ့သွားခဲ့ပြီး Atienza အား လူအများက ချီးမွမ်းခဲ့ကြပါတယ်။

Atienza ဟာ သူ အဆိုပါကျောင်းပွဲသို့တက်ရောက်ရန် ထပ်ခါတလဲလဲနှင့် အတွေးများခဲ့ရကြောင်း၊ သူတို့ဟာ အတူတကွရှိနေတာမဟုတ်တော့ကြောင်း နှင့် တစ်လကျော်ကြာ သူတို့နှစ်ဦးစကားပြောဆိုခဲ့ခြင်း မရှိတော့ပေမဲ့လည်း Atienza က သူ့ရဲ့ကတိတစ်ခုကိုအကောင်အထည်ဖော်ဖို့ သူမရဲ့ ကျောင်းဆင်းပွဲသို့သွားရန် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။အခမ်းအနားမစတင်မီ Atienza ဟာ သူမရဲ့ ဖခင်နှင့် အစ်ကိုဖြစ်သူတို့နှင့်အတူ စကားစမြည်ပြောဆိုခဲ့ပါတယ်။

အခမ်းအနားစတင်တာနဲ့ Atienza ဟာ သူမ မိသားစုနားမှ ထွက်ခွါပြီး အစီအစဉ်များကို ကြည့်နေခဲ့ပါတယ်။သူမရဲ့ဒီပလိုမာဘွဲ့အား လက်ခံနေတာကိုကြည့်နေချိန်မှာဘဲ Atienza ဟာ သူ့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်တော့ဘဲ သူမရဲ့ အိမ်မက်များကို သူမအကောင်အထည်ဖော်နိုင်ပြီလို့ ဂုဏ်ယူကာ မျက်ရည်များ စီးကျနေခဲ့ပါတယ်။ထိုအချိန်မှာ သူမရဲ့အစ်မကြီး က သူ့ကိုတွေ့လိုက်ပြီး “ မင်း အဆင်ပြေရဲ့လား၊ မင်း ဒါကို ကျော်ဖြတ်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

Atienza ကလည်း သူတို့အတူတူရှိနေစဉ်ကထားခဲ့တဲ့ ကတိကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့လို့ ဝမ်းသာပြီး မျက်ရည်ကျတာလို့ ဝန်ခံခဲ့ပါတယ်။ခဏလေးအကြာတော့ ကောင်မလေးက သူ့ဆီသို့ သူမအတွက် လက်ဆောင်ကဘာလဲဆိုပြီး စနောက်ကာ စာပို့ခဲ့ပါတယ်။Atienza က သူမအား ချီးကျူးဂုဏ်ပြုခဲ့ပြီး သူ ဘယ်လောက်ပျော်ရွှင်ခဲ့တာကို ပြောပြခဲ့ပါတယ်။

သူမဟာ သူမရဲ့မိသားစုတချို့နှင့်ဓာတ်ပုံရိုက်ပြီးတဲ့အခါ Atienza က သူနဲ့ဓာတ်ပုံအတူတူရိုက်လို့ရလားလို့ သူမအား မေးလိုက်တဲ့အခါ သူမကလည်း သဘောတူခဲ့ပါတယ်။ထို့နောက် သူတို့ဟာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြပါတယ်။Atienza က သူမကို သူ့ထံနောက်ထပ်တစ်ကြိမ်ပြန်လာစေဖို့ မျှော်လင့်ထားခဲ့ခြင်းမျိုး မဟုတ်ဘဲ သူပေးခဲ့တဲ့ကတိကို သူတည်အောင်လုပ်နိုင်ခဲ့လို့ ဝမ်းသာရကြောင်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*