ချစ်သူနှင့် လမ်းခွဲပြီးနောက် အရင်ကလက်ဆောင် ပစ္စည်းဝယ်ပေးခဲ့သော ကုန်ကျငွေအား အိမ်ထိသွားပြန်တောင်းခဲ့သော ကောင်လေး

ချစ်သူနှင့် လမ်းခွဲပြီးနောက် အရင်ကလက်ဆောင် ပစ္စည်းဝယ်ပေးခဲ့သော ကုန်ကျငွေအား အိမ်ထိသွားပြန်တောင်းခဲ့သော ကောင်လေး

လောကကြီးတွင် ချစ်သူရည်းစားဖြစ်တိုင်းလည်း ကိုယ့်အပေါ် တကယ်ချစ်တဲ့သူ ရှိသလို တကယ်မချစ်ပဲ ကိုယ့်ကိုလိုသုံး သုံးသော သူများလည်းရှိ၍ နောက်ဆုံးအသဲကွဲ ခံစားရမည့်သူက တကယ်ချစ်သည့်သူများသာ ဖြစ်သည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် လိုင်းပေါ်တွင် တွေ့ခဲ့ကြပြီး မိန်းကလေးသည် ချစ်သူကောင်လေးနှင့်လည်း အပြင်တွင် တစ်ခါမျှ တရားဝင် ချိန်းဆိုခြင်းမရှိပဲ လိုင်းပေါ်ကနေသာ လက်ဆောင် ပစ္စည်းများ ငွေများ ချူစားခဲ့သည်။

ချစ်သူကောင်လေးမှလည်း မိန်းကလေးစိတ်ချမ်းသာ ပြီးရောဆိုသည့် ချစ်တဲ့စိတ်တွေကြောင့် လိုချင်သောအရာမှန်သမျှ ဖြည့်စွက်ပေးခဲ့သည်။ထိုသို့ သူမလိုချင်သည့် ပုံစံအမျိုးမျိုးအား သွင်းယူလို့ရခဲ့သည့် ချစ်သူကောင်လေးသည်လည်း အချိန်ကြာလာသည်နှင့်အမျှ သူဧ။်ချစ်သူမိန်းကလေးမှာ အခြားယောကျာ်းလေးများအပေါ်တွင်လည်း လိမ်လည်လှည့်စားနေကြောင်း သိခဲ့ရ၍ စိတ်နာသွားခဲ့သည်။

ထို့နောက် လမ်းခွဲခဲ့ကြပြီး စိတ်နာနာနှင့် အရင်ချစ်သူဖြစ်စဉ်က လက်ဆောင်အဖြစ်ဝယ်ပေးခဲ့သော နှုတ်ခမ်းနီဖိုး အဝတ်အစားဖိုး စသဖြင့် အကုန်လုံးပေါင်းကြည့်ခဲ့ရာ ဒေါင် ၃သန်းကျော်ရှိခဲ့သည်။ထို့ကြောင့် ကောင်လေးသည် သူမနေထိုင်ရာအရပ်သို့ ၁၈၀၀ ကီလိုမီတာကို ဖြတ်ကျော်ခဲ့ပြီး အိမ်တိုင်ရာရောက် ပြန်သွားတောင်းခဲ့သည်။

ထို့အတူကောင်လေးသည် သူဧ။်အဖြစ်အပျက်အား လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီး ထိုသို့လိမ်လည် လှည့်စားတတ်သော မိန်းကလေးအား သင်ခန်းစာပြန်ပေးခဲ့ရ၍ ကျေနပ်ကြောင်း ဆိုခဲ့သည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*