ချစ်သူနဲ့လမ်းခွဲပြီးနောက် မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် လက်ထပ်ခဲ့တဲ့ အမျိုးသမီး

ချစ်သူနဲ့လမ်းခွဲပြီးနောက် မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် လက်ထပ်ခဲ့တဲ့ အမျိုးသမီး

ကိုယ့်ကိုယ်ကိုလက်ထပ်ထိမ်းမြားမှုအကြောင်းကို လူတော်တော်များများ ကြားဖူးခဲ့ကြမှာပါ။သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Megan Taylor ကတော့ ကိုယ့်ကိုယ်ကိုလက်တွေ့အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အား အပြည်အဝ ခွဲဝေခံစားစေခဲ့ပါတယ်။

 

ဘဝရဲ့နည်းပြတစ်ယောက်ဖြစ်လာတဲ့ Megan ဟာ ယခင်က အချစ်ရဆုံးကောင်လေးနဲ့ အမိုက်စားလက်ထပ်ပွဲကို ကျင်းပချင်နေခဲ့ပါတယ်။သို့ပေမဲ့ ထိုကံကြမ္မာမတိုင်ခင်မှာဘဲ သူမနှင့်သူမရဲ့ကောင်လေးဟာ လမ်းခွဲပြတ်စဲသွားတာကြောင့် သူမဟာ သတို့သားမပါဘဲ မင်္ဂလာပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက် Meganဟာ Colorado ပြည်နယ်ရှိ လှပတဲ့ Airbnb ဟိုတယ်မှာ ကြိုတင် ဘွတ်ကင်လုပ်ခဲ့ပြီး နီးစပ်ရာ ဆွေမျိုးနှင့် သူငယ်ချင်း ၁၀ ယောက်လောက်ကို မင်္ဂလာပွဲသို့ ဖိတ်ကြားခဲ့ပါတယ်။

 

အစပိုင်းအနေနဲ့ သူမကိုယ်တိုင် အိမ်ထောင်ပြုခြင်းရဲ့စိတ်ကူးက အလွန်မသက်မသာဖြစ်ရကြောင်း Megan က သူမရဲ့ blog မှာ ပြောပြခဲ့ပါတယ်။Megan က “ငါ့ကိုငါ့ လက်ထပ်မယ်ဆိုရင် လူတွေဘယ်လိုထင်ကြမလဲ။မွေးနေ့မဟုတ်တဲ့အခမ်းအနားတစ်ခုလုံးကိုကိုယ့်အတွက်ပဲလုပ်တာကတစ်ကိုယ်ကောင်းဆန်သလား။

ငါလက်ထပ်ခြင်းကို လျော်ကြေးပေးတယ်လို့လူတွေကထင်ကြမလား။” လို့ သူမတွေးနေခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ထို့နောက် Megan ဟာ မင်္ဂလာအခမ်းအနားအစီအစဉ်အတိုင်း ခြေတလှမ်းချင်းလှမ်းနေချိန်အတွင်း သူမအတွက် စိတ်သက်သာရာရလာပြီးနောက် သူမဟာ သူမရဲ့ကိုယ်ပိုင်လက်စွပ်ကို ဝတ်ပြီး ကတိသစ္စာစကားပြောခဲ့ပါတယ်။

 

“ ငါတို့အတွက် ငါ့ရဲ့ဆုတောင်းကတော့ ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ၊ခရီးကိုဆက်သွားဖို့ ၊ လူတွေနှစ်သက်တဲ့လူတွေထက်ကျော်လွန်ပြီးတန်ဖိုးတွေနဲ့အပြည့်အဝကိုက်ညီတဲ့ဘဝကို ဖန်တီးနိုင်ဖို့ပါ။ ” လို့ သူမကိုယ်သူမ သစ္စာပြုခဲ့ပါတယ်။ထို့အပြင် “ငါဟာမင်းကို အမြဲချစ်နေမှာပါ၊ ခက်ခဲတဲ့အချိန်တွေမှာမင်းကိုချစ်ပေးပြီး မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးကိုမွေးမြူပါမယ်၊

 

ဒါကြောင့်ပိုပြီးချမ်းသာလာမယ်၊ ပိုပြီးပျော်ရမယ်၊ ပိုပြီးကြင်နာလာလိမ့်မယ်။ ”လို့လည်း ထပ်မံ ကတိပြုခဲ့ပါသေးတယ်။ထို့နောက် သူမရဲ့blog မှာ ကိုယ့်ကိုကိုယ်လက်ထက်ရခြင်းက ကိုယ်ဟာ တစ်ကိုယ်တည်းမို့ ၊ အထီးကျန်လို့ စတဲ့ သိမ်ငယ်စရာများကြောင်းမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးပြီး ကိုယ့်တန်ဖိုးကို ကိုယ်တန်ဖိုးထားလို့ လက်ထပ်တာလို့ တွေးသင့်ကြောင်း ပြောပြခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*