ချစ်သူက စျေးကြီးသော ဖုန်းအားဝယ်ပေးမည့်အရေးကို အင်တင်တင်လုပ်နေ၍ စိတ်မရှည်ပဲ ဖုန်းကောက်ယူပြီး ထွက်ပြေးခဲ့သော မိန်းကလေး

ချစ်သူစုံတွဲတို့သည် ကိုယ်ချစ်သောသူအတွက်ဆိုရင် ဘာမဆိုပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း အခြေအနေအရ အဆင်မပြေသည့်အခါ တစ်ဖက်ကလူမှလည်း နားလည်ပေးဖို့ လိုအပ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guizhou ပြည်နယ်ရှိ Jiannan မြို့တွင် နေထိုင်သော ချစ်သူစုံတွဲနှစ်ဦးတွင် မိန်းကလေးမှ ဖုန်းအသစ်တစ်လုံးဝယ်ပေးရန် ချစ်သူကောင်လေးအား တောင်းဆိုခဲ့ရာ ဝယ်ပေးမည်ဆိုခဲ့၍ အပျော်လွန်သွားပြီး ဖုန်းအရောင်းဆိုင်သို့ သွားရွေးကြည့်ခဲ့သည်။

ထိုအချိန်တွင် မိန်းကလေးလိုချင်သော ဖုန်းမှာ ယွမ် ၅၃၉၉ကျသင့်၍ ဝယ်ပေးဖို့ရာ စျေးများလွန်း၍ ကောင်လေးခမျာ မတတ်နိုင်ဘဲဖြစ်နေကာ အခြားတတ်နိုင်သည့် စျေးသိပ်မကြီးသော ဖုန်းအား ပြောင်းရွေးကြည့်ခိုင်းခဲ့သည်။

ထို့နောက် မိန်းကလေးသည် စိတ်ဆိုးသွားကာ ထိုစျေးကြီးသောဖုန်းကိုကိုင်ပြီး ချစ်သူကောင်လေးအား ဝယ်ပေးမှာလား ဝယ်မပေးပူးလား ဆိုပြီး ပြောခဲ့သည်။ကောင်လေးမှာ အင်တင်တင်လုပ်နေ၍ မိန်းကလေးလည်း ချစ်သူဆီကအဖြေကို စောင့်မနေတော့ပဲ ဖုန်းအားကောက်ယူပြီး ဆိုင်ထဲကနေ အလျင်အမြန် ထွက်ပြေးသွားခဲ့ရာ အရောင်းဝန်ထမ်းမှာ အံ့သြသွားပြီး ကောင်လေးလည်း အရှက်ကွဲခဲ့ရသည်။

နောက်ဆုံး မိန်းကလေးအား ပြန်လိုက်ချော့ခေါ်ရင်း ဖုန်းဧ။်ကျသင့်ငွေကို ပေးခဲ့ရသည့်အဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားကာ အများမှ ကောင်လေးဧ။် အဖြစ်ကို သနားပြီး မိန်းကလေးအား တစ်ကိုယ်ကောင်းဆန်သည်ဟု ဝေဖန်ခဲ့ကြသည်။

Zawgyi

ခ်စ္သူစုံတြဲတို႔သည္ ကိုယ္ခ်စ္ေသာသူအတြက္ဆိုရင္ ဘာမဆိုေပးဆပ္ဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္လည္း အေျခအေနအရ အဆင္မေျပသည့္အခါ တစ္ဖက္ကလူမွလည္း နားလည္ေပးဖို႔ လိုအပ္သည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Guizhou ျပည္နယ္ရွိ Jiannan ၿမိဳ႕တြင္ ေနထိုင္ေသာ ခ်စ္သူစုံတြဲႏွစ္ဦးတြင္ မိန္းကေလးမွ ဖုန္းအသစ္တစ္လုံးဝယ္ေပးရန္ ခ်စ္သူေကာင္ေလးအား ေတာင္းဆိုခဲ့ရာ ဝယ္ေပးမည္ဆိုခဲ့၍ အေပ်ာ္လြန္သြားၿပီး ဖုန္းအေရာင္းဆိုင္သို႔ သြားေ႐ြးၾကည့္ခဲ့သည္။

ထိုအခ်ိန္တြင္ မိန္းကေလးလိုခ်င္ေသာ ဖုန္းမွာ ယြမ္ ၅၃၉၉က်သင့္၍ ဝယ္ေပးဖို႔ရာ ေစ်းမ်ားလြန္း၍ ေကာင္ေလးခမ်ာ မတတ္ႏိုင္ဘဲျဖစ္ေနကာ အျခားတတ္ႏိုင္သည့္ ေစ်းသိပ္မႀကီးေသာ ဖုန္းအား ေျပာင္းေ႐ြးၾကည့္ခိုင္းခဲ့သည္။

ထို႔ေနာက္ မိန္းကေလးသည္ စိတ္ဆိုးသြားကာ ထိုေစ်းႀကီးေသာဖုန္းကိုကိုင္ၿပီး ခ်စ္သူေကာင္ေလးအား ဝယ္ေပးမွာလား ဝယ္မေပးပူးလား ဆိုၿပီး ေျပာခဲ့သည္။ေကာင္ေလးမွာ အင္တင္တင္လုပ္ေန၍ မိန္းကေလးလည္း ခ်စ္သူဆီကအေျဖကို ေစာင့္မေနေတာ့ပဲ ဖုန္းအားေကာက္ယူၿပီး ဆိုင္ထဲကေန အလ်င္အျမန္ ထြက္ေျပးသြားခဲ့ရာ အေရာင္းဝန္ထမ္းမွာ အံ့ၾသသြားၿပီး ေကာင္ေလးလည္း အရွက္ကြဲခဲ့ရသည္။

ေနာက္ဆုံး မိန္းကေလးအား ျပန္လိုက္ေခ်ာ့ေခၚရင္း ဖုန္းဧ။္က်သင့္ေငြကို ေပးခဲ့ရသည့္အျဖစ္အပ်က္သည္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔သြားကာ အမ်ားမွ ေကာင္ေလးဧ။္ အျဖစ္ကို သနားၿပီး မိန္းကေလးအား တစ္ကိုယ္ေကာင္းဆန္သည္ဟု ေဝဖန္ခဲ့ၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*