ချစ်သူက ကိုယ့်ထက်အောင်မြင်နေတဲ့သူဖြစ်နေရင်တောင် ဘယ်လို support ပေးသင့်လဲဆိုတာဝေမျှခဲ့တဲ့ အမျိုးသား
မလေးရှားနိုင်ငံရှိ Eugene အမည်ရှိအမျိုးသားဟာ Teh Yin Yin အမည်ရှိအမျိုးသမီးနှင့် ၉ နှစ်ကြာချစ်ကြိုက်ခဲ့ကြပြီး အမျိုးသားတွေက သူတို့ရဲ့parterကို ဘယ်လိုထောက်ပံ့သင့်ကြောင်းနှင့်ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကိုမျှဝေခဲ့ပါတယ်။Eugene နှင့် Yin ဟာ အထက်တန်းကျောင်းကတည်းက အတူရှိနေခဲ့ကြတာပါ။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ကံကောင်းတဲ့နေ့တစ်နေ့မှာ Yin က သူမကုမ္ပဏီမှငွေပေးချေမှုရရှိခဲ့ပြီး Eugeneနဲ့အတူ စျေးဝယ်ထွက်ပြီး ညစာစားရင်း Date လုပ်ခဲ့ကြပါတယ်။ထိုနေ့မှာ သူမက စုစုပေါင်းရင်းဂစ် ၁၀၀၀ ကျော်သုံးစွဲခဲ့ပြီး Eugene ကို အမှန်တကယ်စဉ်းစားစေခဲ့ပါတယ်။
“ခင်ဗျားကောင်မလေးက ခင်ဗျားထပ် ပိုအောင်မြင်နေမယ်ဆိုရင်တောင် ဘယ်တော့မှ စိတ်မဆိုးပါနဲ့ ၊ ခင်ဗျားကဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ် ၊ သူမကို ဂုဏ်ပြုပေးသင့်တယ် ခင်ဗျားတို့ရဲ့ဆက်ဆံရေးကို လက်လျော့မဲ့အစား အပြည့်အဝထောက်ခံသင့်ပြီး ကျွန်တော်တို့ သုံးဆလောက် ပိုကြိုးစားအားထုတ်သင့်သလို ကျွန်တော်တို့ရဲ့ချစ်သူဆီကနေ သင်ယူသင့်တယ် ”လို့ Eugene က အမျိုးသားထုကြီးကို ရည်ညွန်းပြောပြခဲ့ပြီး သူ့ကို မစွန့်လွှတ်ခဲ့တဲ့ ချစ်သူကိုလည်း ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါသေးတယ်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*