
ချစ်သူကောင်လေးမှာ ကင်မရာကြီးဖြင့် အမှန်အကန်ရိုက်နေသောကြောင့် အားကိုးရမယ်ထင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့သည့်ကောင်မလေး ပုံတွေမြင်မှ ငိုရမလိုရယ်ရမလိုဖြစ်နေခဲ့
ချစ်သူစုံတွဲတို့အတွက် နှစ်ယောက်အတူတူရှိနေရသည့်အချိန်လေးသည် ကမ္ဘာပေါ်တွင် ပျော်ရွင်စရာအကောင်းဆုံးသော အချိန်တစ်ခုပင်ဖြစ်နေပေသည်။ထိုအချိန်တွင် နှစ်ဦးသားသည် အရာရာကိုမေ့ပြီး ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရလေးတွေကို ဖန်တီးလိုကြပေသည်။
ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် သူတို့ချစ်သူနှစ်ဦး တွေ့ဆုံချိန်က အမှတ်တရလေးတွေကို ကြေကွဲစွာဖြင့်ဝေမျှသွားခဲ့ပါတယ်။အကြောင်းမှာ သူတို့ချစ်သူနှစ်ဦး တွေ့ဆုံချိန်တွင် ချစ်သူကောင်လေးဟာ ကင်မရာများ ထောက်တံများဖြင့် ရောက်ရှိလာခဲ့ပြီး ချစ်သူကောင်မလေးကို ဓာတ်ပုံအလှလေးတွေဖန်တီးပေးမည်ဟုဆိုခဲ့ပါတယ်။
ထိုအခါကောင်မလေးဟာလည်း ယုံကြည်စွာဖြင့် ချစ်သူကို ဓာတ်ပုံရိုက်ခိုင်းခဲ့ပါတယ်။ထို့နောက် ဓာတ်ပုံများကို ကြည့်လိုက်မိသည့်အခါမှာတော့ ကောင်မလေးဟာ အလွန်ပင်ဝမ်းနည်းသွားခဲ့ရပါတယ်။
Leave a Reply