ချစ်သူကောင်လေးနဲ့ လက်ထပ်ရဖို့ လက်ရှိအသက်ထက် ၁၉နှစ်လျော့ပြောခဲ့တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးရဲ့ နောက်ဆုံးရလဒ်

ချစ်သူကောင်လေးနဲ့ လက်ထပ်ရဖို့ လက်ရှိအသက်ထက် ၁၉နှစ်လျော့ပြောခဲ့တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးရဲ့ နောက်ဆုံးရလဒ်

အသက် ၅၀ ရှိပြီဖြစ်တဲ့ Sharon Hawkins အမည်ရှိအမျိုးသမီးက Perry Hopstein လို့ခေါ်တဲ့ သူမရဲ့ လက်တွဲဖော်အသစ်ကို တွေ့ဖို့ dating App မှာ သူမရဲ့အသက်ကို 19 နှစ်လျှော့ပြောခဲ့ပါတယ် ။ ကောင်လေးက အသက် 22 နှစ်သာရှိသေးလို့ သူမတို့စုံတွဲဟာ အသက် 28 နှစ်ကွာဟတဲ့စုံတွဲဖြစ်လာခဲ့ပါတယ် ။ အခုဆိုရင် လူတွေက သူမဟာ အဲ့ဒီကောင်လေးရဲ့အမေလို့ အထင်မှားနေကြပါတယ်။ သူတို့ရဲ့ အသက်ကွာခြားမှုကြောင့် အခြားသူတွေဝေဖန် ပြောဆိုကြပေမဲ့ အဲ့ဒီစုံတွဲက ဒီနှစ်မှာ လက်ထပ်ယူဖို့ စီစဉ်နေပါတယ်။

Noth Carolina မှာ အလယ်တန်းကျောင်းဆရာမဖြစ်တဲ့ Sharon ဟာ သူမက ဝေဖန်ပြောဆိုနေတဲ့သူတွေကို မသိချင်ယောင်ဆောင်လိုက်ပါတယ်ဆိုပြီး ပြောပါတယ်။ “ကျွန်မက Perry ရဲ့ အမေလောက် အသက်ကြီးကောင်းကြီးနိုင်တယ်ဆိုပေမဲ့ ကျွန်မရဲ့ ပျော်ရွှင်မှုကိုတော့ မရပ်တန့်နိုင်ဘူး။ Perry နဲ့ ကျွန်မနဲ့က ဘယ်သူတွေဘာပြောပြော ကျွန်မတို့ဂရုမစိုက်ဘူး။” လို့ Sharonက ဆိုထားပါတယ်။

၂၀၁၅မှာတော့ Sharon ဟာ သက်တမ်း 16 နှစ်ရှိတဲ့သူမရဲ့အိမ်ထောင်ရေးကိုအဆုံးသတ်လိုက်ပြီး သူမရဲ့ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပါတယ် ။ “ကျွန်မရဲ့ ခင်ပွန်းဟောင်း အသက်အရွယ်က ကျွန်မနဲ့အလားတူပါဘဲ။” လို့ Sharonက ရှင်းပြခဲ့ပါတယ်။ “Perry က ကျွန်မရဲ့ သားလေးသုံးယောက်ထက်အရမ်းကိုငယ်တယ်။ Perry မှာ စူးရှတဲ့ အပြာရောင်မျက်လုံးရယ်၊ အညိုရောင်ဆံပင်နဲ့ လက်မှာလည်း ကြွက်သားတွေ ရှိတယ်။

သူက Model တစ်ယောက်နဲ့ အရမ်းတူတယ်။သူ့ကို ကျွန်မက”ငါ အရမ်းကိုအိုနေပြီလို့ ပြောပါသေး တယ်။ဒါပေမဲ့ သူဂရုမစိုက်ခဲ့ ပါဘူး။”လို့ Sharonက ပြောခဲ့ပါတယ်။ သူမက ၂၃ နှစ်အရွယ်သမီးနဲ့ အတူနေထိုင်နေပါတယ်။

သူမသမီးလေးက သဘောမတူတာတို့ဘာတို့ မရှိပါဘူး။ နောက်တစ်ပတ်မှာတော့ Perryဟာ သူမရဲ့သမီးလေးအတွက်ရော သူမအတွက်ပါ dinner ချက်ကျွေးဖို့ Sharon ရဲ့အိမ်ကို လာခဲ့ပါတယ်။ ၂၀၂၀ ၊ ဇွန်လမှာ သူတို့နှစ်ဦး တရားဝင်စုံတွဲ ဖြစ်လာပါတော့တယ်။

မကြာခင်မှာဘဲ Sharonက Perry ရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ “ကျွန်မတို့ perryရဲ့ အမေကို သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ သူ့အမေက ကျွန်မနဲ့ တစ်ရွယ်တည်းပါ။ ကျွန်မအရမ်းဘဲ ကြောက်ရွံ့မိပါတယ်။ ကျွန်မက အသက်၄၀ဆိုပြီး Perry က သူ့အမေကို လိမ်ပြောခဲ့ပါတယ်။

နောက်ပြီး ကျွန်တော် သူမနဲ့ ဆုံတွေ့ရတာ ကျွန်တော် စိတ်သက်သာရာရတယ် လို့ သူ့အမေကိုထပ်ပြောလိုက်ပါတယ်။ သူ့အမေက ကျွန်မကို ပွေ့ဖတ်ပြီး ကြိုဆိုခဲ့ပါတယ်။ ကျွန်မကဘဲ Perry ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်လို့ သူမကပြောခဲ့ပါတယ်။

သူမရဲ့မိသားစုဝင်အဖြစ် ကျွန်မကို လက်ခံနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်မစိတ်အေးခဲ့ရပါတယ်။ သိပ်မကြာသေးခင်အချိန်မှာဘဲ Perry ကကျွန်မရဲ့သားတွေ၊ မြေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့‌တွေ သဘောမတူတာတို့ မရှိပါဘူး။” လို့ Sharon ဆိုထားပါတယ်။ အခုဆိုရင် အဲ့ဒီစုံတွဲ နှစ်ဦးက ရက်တွေချိန်းပြီး ဒီနှစ်မှာ လက်ထပ်ဖို့ စီစဉ်နေပါပြီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*