ချစ်သူကောင်လေးထက် အရပ်နှစ်ပေလောက်ရှည်လျားတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်မိန်းကလေး

ချစ်သူကောင်လေးထက် အရပ်နှစ်ပေလောက်ရှည်လျားတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်မိန်းကလေး

ဘရာဇီးနိုင်ငံမှ ၁၈နှစ်အရွယ် Elisany Silva အမည်ရှိ မိန်းကလေးတစ်ဦးဟာ ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံးသော ဆယ်ကျော်သက်များထဲမှ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

Elisany ဟာ အရပ်အမြင့် ၆ပေ၉လက်မ ရှိပြီး ကမ္ဘာ့အရပ်အမြင့်ဆုံး မိန်းကလေးတစ်ဦးဖြစ်ပါတယ်။သူမကို သူမရဲ့ချစ်သူ Francinaldo da Silva Carvaldo နဲ့ နှိုင်းယှဉ်ရင် သူမအရပ်က အလွန်မြင့်ပါတယ်။သူမချစ်သူကောင်လေးရဲ့ အရပ်အမြင့်က ၅ပေ ၄လက်မ သာရှိပါတယ်။နောက်ပြီး သူမရဲ့ မိဘတွေ၊မောင်နှမတွေထက် အရပ်ရှည်ပါတယ်။

ဒါပေမဲ့ ဒီမိန်းကလေးရဲ့ အနာဂတ်က တော်တော်လေးတောက်ပနေပါတယ်။Elisany ဟာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေပါတယ်။မကြာသေးခင်က Elisany နဲ့ Francinaldo တို့ လက်ထပ်ကြတော့မယ့် ကြည်ညိုဖွယ်ကောင်းတဲ့ သတင်းအချို့ကြေငြာခဲ့ပါတယ်။အရပ်အမြင့်ခြားနားချက်ရှိပေမဲ့ Francinaldo ဟာ ကမ်းခြေတစ်ခုမှာ စိတ်ကူးယဉ်လမ်းလျှောက်နေစဥ် သူမ‌ရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Elisany က ဟုတ်ကဲ့လို့ အဖြေပေးခဲ့ပြီး အခုဆိုရင် မင်္ဂလာဆောင်ရန် စီစဥ်နေပါတယ်။သူတို့နှစ်ဦးဟာ အတူတကွ ကောင်းမွန်တဲ့ ဘဝကို နဲ့ အနာဂတ်မှာ သူတို့တွေက မိသားစုတစ်စုတည်ဆောက်ရန် မျှော်လင့်နေကြပါတယ်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*