ချစ်သူကောင်လေးက ရုပ်ဆိုးသည်ဟု ဆိုသောကြောင့် မခံမရပ်ဖြစ်ကာ မျက်နှာတစ်ခုလုံး ခွဲစိတ်ပြုပြင်ခဲ့သော မိန်းကလေး

ချစ်သူကောင်လေးက ရုပ်ဆိုးသည်ဟု ဆိုသောကြောင့် မခံမရပ်ဖြစ်ကာ မျက်နှာတစ်ခုလုံး ခွဲစိတ်ပြုပြင်ခဲ့သော မိန်းကလေး

ချစ်သူစုံတွဲနှစ်ဦးမှာ တကယ်ချစ်သည့် သူကသာလျှင် ကိုယ်ချစ်သူက ဘယ်လိုအခြေအနေ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်လုံးထဲမှာတော့ အလှဆုံးဖြစ်နေပါလိမ့်မည်။ထိုသို့မဟုတ်ပဲ ရုပ်ရည်ကြောင့် ဆင်းရဲတာကြောင့် စသဖြင့် အကြောင်းပြချက် အမျိုးမျိုးတွေနှင့် ကိုယ့်ချစ်သူအပေါ် အမြဲပြောဆိုနေပါက အချစ်စစ်မဟုတ်တော့ပါ။

သို့ဖြစ်၍ ဟောင်ကောင်မှ Berry အမည်ရှိသော အသက် ၂၂အရွယ်မိန်းကလေးသည် ချစ်သူကောင်လေးအတွက်နှင့် သူမဧ။် မျက်နှာတစ်ခုလုံးအား ခွဲစိတ်မှု ၃၀ အထိ ဒေါ်လာများစွာ ကုန်ကျခံကာ ပြုပြင်ပြောင်းလဲခဲ့သည်။ထိုသို့ပြောင်းလဲရခြင်း အကြောင်းမှာ ချစ်သူကောင်လေးသည် သူမကို ရုပ်ရည်သွင်ပြင်နှင့် ပက်သက်ပြီး အမျိုးမျိုး ဝေဖန်ချက်ပေးကာ အခြားသော မိန်းကလေးများနှင့်လည်း တစ်ချိန်လုံး နှိုင်းယှဉ် ပြောဆိုနေခြင်းကို စိတ်နာ၍ ခွဲစိတ်ခဲ့ခြင်းဖြစ်သည်။

မိန်းကလေးသည် ၁၇ နှစ်အရွယ်ကစပြီး ခွဲစိတ်ပြုပြင်ခဲ့ရာ ချစ်သူကောင်လေးမှ “မင်းအရမ်းလှလာတယ်” ဆိုသော စကားတစ်ခွန်း ပြောသည်နှင့် သူမချက်ချင်း ခွဲစိတ်မှုပြုလုပ်နေခြင်းကို ရပ်ပစ်လိုက်မည်ဟု ဆိုခဲ့သည်။ထို့အတူမိန်းကလေးသည် တဖြည်းဖြည်းနှင့် အနောက်တိုင်း မော်ဒယ်မလေး နှင့်ပင် တူချင်လာပြီး ခွဲစိတ်မှုအပေါ် အစွဲလန်းကြီးလွန်း၍ မိခင်ဖြစ်သူမှာ သမီးလေးအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*