ချစ်သူကောင်မလေးကို အံ့အားသင့်စေရန် ခွေး ၁၆ကောင်နဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ချစ်သူကောင်မလေးကို အံ့အားသင့်စေရန် ခွေး ၁၆ကောင်နဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

နယူးယောက်အ‌ခြေစိုက် အလွတ်တန်းစာရေးဆရာမ Laura Stampler ဟာ မကြာသေးခင်မှာဘဲ ကောင်းလေးဖြစ်သူ Maurice Goldstein က အံ့အားသင့်စေခဲ့ပါတယ်။

သူမရဲ့ ချစ်သူကောင်လေးက ဟော်လီဝုတ် တောင်ကုန်းကို နှင်းဆီပွင့်ချပ်တွေနဲ့ ဖြန့်ကြဲလိုက်ပါတယ်။Goldstein က ဒူးထောက်ပြီး Stampler ကို လက်ထပ်ခွင့်တောင်းခဲ့လိုက်ပါတယ်။လက်ထပ်ခွင့်တောင်းတဲ့ အတောတွင်းမှာ “Kiss The Girl” ကို သီဆိုတဲ့ အဆိုတော်တွေနဲ့လည်း ဖျောဖြေခဲ့ပါတယ်။

နောက်ပြီး Stampler အတွက် အံ့အားသင့်စေရန် ခွေး၁၆ကောင်ကိုပါခေါ်ခဲ့ပါတယ်။သူတို့စုံတွဲနှစ်ဦးကို Stampler ရဲ့ သူငယ်ချင်းဖြစ်တဲ့ Rebecca Yale က လက်ဆောင်အနေနဲ့ ဓာတ်ပုံရိုက်ကူးပေးခဲ့လိုက်တာပါ။Yale က သူတို့နှစ်ဦးကို ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း ၁၆ကောင်နဲ့ စုံတွဲနှစ်ဦးရဲ့ အံ့သြစရာဓာတ်ပုံဘဲဆိုပြီး ပြောဆိုခဲ့ပါတယ်။

နယူးယောက်မြို့မှာ အဲ့ဒီခွေးတွေကို သူတို့ရဲ့ မွေးစား‌ခွေးအဖြစ် လက်မှတ်ထိုးခဲ့လိုက်ပါတယ်။Goldstein နဲ့ Stampler တို့စုံတွဲနှစ်ဦး လက်ထပ်ထိမ်းမြားပြီးတဲ့နောက် ချစ်စရာခွေးလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့မိသားစုကို ဖန်တီးနိုင်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*