
မိန်းကလေးတွေဟာဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်လေးဆီကနေ surprise လုပ်ခံရတဲ့အခါမျိုးမှာ အရမ်းကိုပျော်ရွှင်တတ်ကြပါတယ်။
ဘယ်လို surprise မျိုးပဲဖြစ်ဖြစ် လူပုံအလယ်မှာ surprise လုပ်ပြီး လက်ထပ်ခွင့်တောင်းခံရတဲ့အခါမျိုးမှာဆိုရင်လည်း မိန်းကလေးတွေရဲ့ နှလုံးသားဟာ အင်မတန်ကိုမှ စိတ်လှုပ်ရှားရင်ခုန်တတ်ကြပါတယ်။
အခုအခါဖော်ပြပေးချင်တဲ့ အကြောင်းအရာဆိုရင်လည်း ချစ်သူမိန်းကလေးကို လူပုံအလယ်မှာ ကွန်ဒုံး ၉၉၉ ဘူးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။
ဟိုအရင်တုန်းကတော့ ချစ်သူကို I phone ၉၉ လုံးနဲ့လပ်ထပ်ခွင့်တောင်းခဲ့ဖူးတဲ့ အမျိုးသားရှိခဲ့ပေမယ့် သူကတော့မအောင်မြင်ခဲ့ပါဘူး။
အခုတစ်ခေါက်ဒီအမျိုးသားဟာဆိုရင်တော့ မိန်းကလေးအတွက် အရမ်းလဲ surprise ဖြစ်ခဲ့ရသလို ကွန်ဒုံးတွေနဲ့ လူပုံအလယ်မှာ လက်ထပ်ခွင့်တောင်းခံရမယ်လို့ သူမတစ်ခါမှမတွေးတောမိခဲ့ပါဘူး။
လက်ထပ်ခွင့်တောင်းခံလာရတဲ့အခါမှာလည်း ကောင်မလေးဟာ ရှက်ရှက်နဲ့ပဲ ချစ်သူကောင်လေးရဲ့ လက်ထပ်ခွင့်ကိုလက်ခံခဲ့ပါတယ်။
ဘယ်လိုအဓိပ္ပါယ်နဲ့ အခုလို လက်ထပ်ခွင့်တောင်းလဲဆိုတာတော့ သေချာမသိရပေမယ့် ဒီအမျိုးသားရဲ့လက်ထပ်ခွင့်တောင်းပုံက အင်မတန်မှဆန်းကြယ်လှပါတယ်
ပရိသတ်တွေရော မိမိရဲ့ချစ်သူကောင်လေးက အခုလိုနည်းလမ်းမျိုးနဲ့ လူပုံအလယ်မှာ လက်ထပ်ခွင့်တောင်းလာမယ်ဆိုရင် လက်ခံကြမှာလား။
Leave a Reply