
ချစ်သူကလမ်းခွဲသွားလို့ အမှတ်ရနေအောင် နဖူးထိပ်မှာ စာကြောင်းတစ်ကြောင်းကို တက်တူးထိုးခဲ့တဲ့ ကောင်လေး
အသဲကွဲနေတဲ့အချိန်မှာဆိုရင် လူငယ်အတော်များများက ထင်ရာဆိုင်းအပြုအမှုမျိုးလုပ်တတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက အသက် 20 အရွယ် ကောင်လေးမှာလည်း ချစ်သူနဲ့ လမ်းခွဲပြီးနောက် မထင်ထားတဲ့အရာတစ်ခုပြုလုပ်ခဲ့ပါတယ် ။ 5 လနီးပါး တွဲခဲ့တဲ့ချစ်သူနဲ့ ပြတ်ဆဲပီးနောက် ‘အချစ်က နာကျင်လွန်းတယ် ၊ ဒါပေမဲ့ တက်တူးထိုးလိုက်ခြင်းက ငါ့ရဲ့လက်စားချေခြင်းပဲ ‘ ဆိုတဲ့စာကြောင်းကို သူ့ရဲ့နာဖူးပေါ်မှာရေးထိုးခဲ့တာပါ ။
အဆိုပါချစ်သူကြောင့်ပဲမဟုတ်ပါဘူး… သူသက်တမ်းတစ်လျှောက် ထားဖူးခဲ့တဲ့မိန်းကလေးတိုင်းက သူ့ကို နာကျင်စေလို့ ဆိုတဲ့အကြောင်းပြချက်ကြောင့် အခုလို ဆေးမင်ကြောင်ထိုးခဲ့တာပါ ။ဆေးမင်ကြောင်မထိုးခင် သူ့ရဲ့မိဘတွေကို အရင်ဆုံးခွင့်တောင်းခဲ့တာပါ ။ မိဘတွေက လုပ်ချင်တာလုပ်ခွင့်ပေးထားပေမဲ့လည်း ၊ သူ့ရဲ့လုပ်ရပ်ကိုတော့ အားမပေးခဲ့ကြောင်း သိရပါတယ် ။
အဆိုပါ တက်တူးထိုးထားတဲ့ပုံကို တက်တူးဆရာက online ပေါ်မှာ ဝေမျှပြီးခဲ့တဲ့နောက် ကောင်လေးရဲ့အဖြစ်ဟာ အတော်လေးကို ရေပန်းစားသွားခဲ့ရကြောင်း သိရပါတယ် ။ ဒါကြောင့် ကောင်လေးရဲ့လုပ်ရပ်ကို social media အသုံးပြုသူတွေက မျိုးစုံမှတ်ချက်ပေး ရေးသားသွားခဲ့ကြပါတယ် ။
Zawgyi
Leave a Reply