
ချစ်ဇနီးကို ချစ်ကြောင်းဖော်ပြဖို့ သူ့ရဲ့လက်ဖျံပေါ်မှာ လက်ထပ်ထိမ်းမြားခြင်းလက်မှတ်တက်တူးထိုးပြခဲ့တဲ့ အမျိုးသား
မကြာသေးခင်က Facebook post တစ်ခုမှာ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူအား သိပ်ချစ်ကြောင်းကို ဖော်ပြဖို့ အခြားသူနှင့်မတူတဲ့နည်းလမ်းတစ်ခုကို ပြုလုပ်ခဲ့ပြီး သူ့တို့ရဲ့လက်ထပ်ထိမ်းမြားခြင်းလက်မှတ်ကို တက်တူးထိုးကာ သူ့ရဲ့အချစ်စစ်ကို ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က Om-Daraployphan ဆိုသူဟာ သူမရဲ့ခင်ပွန်းရဲ့လက်ဖျံပေါ်က လက်ထပ်ထိမ်းမြားခြင်းလက်မှတ်တက်တူးဓာတ်ပုံများကို Facebook ပေါ်သို့ ကြွားထုတ်ခဲ့ပါတယ်။အဆိုပါ တက်တူးရဲ့ဘေးဘောင်များကို အစိမ်းရောင်နှင့်ပန်းရောင်ပန်းပွင့်များဖြင့် ပြုလုပ်ထားပြီး ၎င်းတက်တူးဟာ ခင်ပွန်းဖြစ်သူရဲ့လက်ဖျံကြောကို ဖုံးကွယ်ကာ နေရာယူသွားခဲ့ပါတယ်။
Om-Daraployphan ရဲ့ Facebook caption မှာ “ အချစ်ရဲ့ ‘အလုပ်’ က တစ်စုံတစ်ဦးအား ချစ်ခြင်းမေတ္တာကိုပေးပြီး ပြန်လည်ရယူရန်ဘဲ ဖြစ်တယ် ၊ အချစ်ကို ရှာရန် မခက်ခဲပါဘူး ၊ အကြောင်းက ‘ငါ’ ဟာ သာမန်လူတွေကို သဘောကျနှစ်သက်လို့ဘဲ ” လို့ ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့လုပ်ရပ်က sweet ဖြစ်လွန်းပေမဲ့ Daraployphan ဟာ သူမရဲ့ချစ်ခြင်းမေတ္တာအရင်းအမြစ်က ကြည့်ကောင်းနေဖို့ မလိုအပ်ကြောင်း ဆိုခဲ့ပါသေးတယ်။
တက်တူးထိုးခြင်းက နာကျင်ရသလို သေရာပါအမှတ်လို ဖြစ်သွားတတ်ပေမဲ့ ချစ်တတ်လွန်းတဲ့ခင်ပွန်းအတွက်တော့ မပြောပလောက်ပါဘူး။ထို့ပြင် သူမက ခင်ပွန်းဖြစ်သူကဲ့သို့ ၎င်းတို့ရဲ့လက်ထပ်ထိမ်းမြားခြင်းလက်မှတ်ကို သူမရဲ့လက်ဖျံပေါ်ထိုးဖို့ အစီအစဉ်ချထားခဲ့ပေမဲ့ “ ကွာရှင်းလက်မှတ်က ကျွန်မတက်တူးထိုးတာကို လက်မခံဘူးလို့ ပြောတယ် haha … ” လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။
၎င်းကဲ့သို့ တက်တူးထိုးခြင်းက တရားဝင်စာရွက်စာတမ်းများနှင့်မကိုက်ညီသော်ငြားလည်း အကယ်လို့ သူတို့ရဲ့တကယ့်ထိမ်းမြားလက်မှတ်စာရွက်ကြီး ပျောက်ဆုံးသွားခဲ့ရင်တော့ သူတို့အတွက် အတော်လေး အကူအညီဖြစ်သွားစေမှာပါ။ဟုတ်ပါပီ စာဖတ်သူတို့လည်း အိမ်က ချစ်ရသူကို ချစ်ကြောင်းဖော်ပြဖို့ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖော်ပြလို့ရပါတယ်နော်။
Leave a Reply