ခဲဖျတ်အစား ကွင်းထိုးဖိနပ်နဲ့ အသုံးပြု‌နေရတဲ့ ဆင်းရဲသား ကောင်လေးငယ်တစ်ဦးရဲ့အဖြစ် (ရုပ်သံ)

ခဲဖျတ်အစား ကွင်းထိုးဖိနပ်နဲ့ အသုံးပြု‌နေရတဲ့ ဆင်းရဲသား ကောင်လေးငယ်တစ်ဦးရဲ့အဖြစ် (ရုပ်သံ)

Harold Labutong လို့ခေါ်တဲ့ ကောင်လေးငယ်တစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ၊ Tarlac ပြည်နယ်၊ La Paz ဒေသရှိ Engracio M. Castañeda ဗဟိုမူလတန်းကျောင်းမှာ ဒုတိယတန်းကျောင်းသားဖြစ်ပါတယ်။ သူဟာ ခဲဖျက်အစား သူရဲ့ဖိနပ်ကို သုံးခဲ့တာကြောင့် သူ့ရဲ့ဓာတ်ပုံကို လူမှုမီဒီယာမှာဝေမျှခဲ့ပြီးနောက် သူဟာ မကြာသေးမီကမှ ကျော်ကြားပျံ့နှံ့ခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ဇာတ်လမ်းဟာ GMA News ‘SAKSI မှာ ဖော်ပြပြီးတဲ့နောက် လူမှုမီဒီယာအသုံးပြုသူတွေက ကောင်လေးရဲ့ အခြေအနေကို ထိတွေ့မေးမြန်းခဲ့ပါတယ်။

သူ့ဆရာမရဲ့ ပြောကြားချက်အရ Harold ရဲ့ခဲတံဟာ အလွန်တိုတောင်းပြီးပျက်စီးယိုယွင်းနေပြီး ခဲဖျက်လည်းမရှိခဲ့ဒါကြောင့် သူမှားရေးမိတဲ့အခါတွေဆိုရင် ဖျက်ဖို့အတွက် အတန်းဖော်တစ်ဦးက သူ့ကိုဟောင်းနွမ်းတဲ့ ခဲဖျက်တစ်ခုငှားပေးသော်လည်း မထိရောက်ပါဘူး။ ဒါ့ကြောင့် ၎င်းလူငယ်လေးက မိမိကိုယ်ပိုင်ဖိနပ်ကို ယူပြီး အစားထိုးသုံးခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်က သူ့အတန်းဖော်ဆီ ချေးတဲ့ ခဲဖျက်ထက် ၎င်းဖိနပ်က ပိုထိရောက်နေပါတယ်။ သူ့ဖိနပ်နဲ့ ဖျက်နေတာကို ဆရာမက တွေ့ပြီး လျှပ်တစ်ပြက်ဓာတ်ပုံရိုက်ယူကာ လူမှုရေးမီဒီယာမှာ မျှဝေခဲ့ပါတယ်။

ကောင်လေးဟာ ဆင်းရဲဒုက္ခတဲ့အတွက် စိတ်မကောင်းဖြစ်သော်လည်း သူ့ရဲ့ပြဿနာကို ဝတ္ထုပိုင်းဆိုင်ရာဖြေရှင်းနည်းနဲ့ တွေ့ရှိခဲ့တဲ့အတွက်လည်း လေးစားဖွယ်ကောင်းပါတယ်။ သို့ပေမဲ့ နိုင်ငံအနှံ့ရှိ ကျောင်းသားတွေအတွက်တော့ လက်ရှိဖြစ်ပျက်နေတဲ့အရာဟာ ဝမ်းနည်းပင်ဖြစ်နေပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*