
ခေါင်းပေါ်တင်ထားတဲ့ မည်သည့်ပစ္စည်းကိုမဆို မပြုတ်ကျအောင် ထိန်းထားနိုင်တဲ့ ခွေးလေး
အသက် 5 နှစ်အရွယ်သာရှိသေးတဲ့ Harlso အမည်ရှိတဲ့ ခွေးလေးဟာဆိုရင် သူ့ရဲ့ခေါင်းပေါ်တင်ထားတဲ့ ဘယ်အရာကိုမဆို ထိန်းထားတတ်လို့ social media ပေါ်မှာ အတော်လေးကို နာမည်ကျော်ကြားလျက်ရှိပါတယ် ။ ရေအပြည့်ဖြည့်ထားတဲ့ခွက် ၊ ဒိုးနတ် နဲ့ အရုပ် စတဲ့ဘယ်အရာကိုမဆို မပြုတ်ကျအောင်ထိန်းထားတတ်လို့ ‘King of Balancing’ ဆိုပြီးတော့လည်း ခွေးလေးကို ခေါ်ဆိုကြပါတယ် ။
ခွေးလေးဟာ အခုလို ထိန်းညှိတတ်တာ 3 နှစ်သာရှိပါသေးတယ် ။ အစပိုင်းမှာတော့ ခွေးလေးရဲ့သခင်က ခွေးလေးကို ထိုင်ခိုင်း ၊ လိမ့်ခိုင်း ၊ အိပ်ခိုင်း တာမျိုးသင်ကြားပေးပေမဲ့လည်း ခွေးလေးက လုံးဝစိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး ။
နောက်ပိုင်းမှ ခွေးလေးရဲ့သခင်က စနောက်ပြီးခွေးလေးရဲ့ခေါင်းပေါ် အရုပ်တစ်ခုတင်ထားလိုက်ပါတယ် ။ သို့ပေမဲ့ မယုံနိုင်လောက်အောင် အဆိုပါအရုပ်ကိုပြုတ်မကျအောင် ထိန်းထားတာကို သခင်ဖြစ်သူက အံ့အားသင့်စွာတွေ့ခဲ့ရပါတယ် ။ အခြားသောပစ္စည်းတွေ ခွေးလေးရဲ့ခေါင်းပေါ် ထပ်တင်လိုက်ချိန်မှာတော့ လုံးဝမပြုတ်ကျခဲ့တဲ့အတွက် သခင်က သူ့ရဲ့ခွေးလေးမှာ ပုန်းကွယ်နေတဲ့အရည်အချင်းမျိုးရှိနေခဲ့တယ်ဆိုပြီး ပြောဆိုကာ အတော်လေးပျော်ရွှင်သွားခဲ့ရပါတယ် ။
နောက်ပိုင်းခွေးလေးကို အဆင့်ဆင့်ထိန်းညှိနိုင်အောင် သခင်ဖြစ်သူက ဂရုတစိုက်သင်ကြားပေးခဲ့ပါတယ် ။ ဒါ့အပြင် ခွေးလေးအတွက် social media accounts တွေများစွာလည်းပြုလုပ်ပေးခဲ့ပြီး ၊ ခွေးလေးရဲ့ဓာတ်ပုံတွေကို ဝေမျှပေးကာ followers အတော်များများပိုင်ဆိုင်ထားတဲ့ နာမည်ကြီးနေတဲ့ ခွေးလေး ဖြစ်နေခဲ့ပါပြီ ။
Zawgyi
ေခါင္းေပၚတင္ထားတဲ့ မည္သည့္ပစၥည္းကိုမဆို မျပဳတ္က်ေအာင္ ထိန္းထားႏိုင္တဲ့ ေခြးေလး
အသက္ 5 ႏွစ္အ႐ြယ္သာရွိေသးတဲ့ Harlso အမည္ရွိတဲ့ ေခြးေလးဟာဆိုရင္ သူ႔ရဲ႕ေခါင္းေပၚတင္ထားတဲ့ ဘယ္အရာကိုမဆို ထိန္းထားတတ္လို႔ social media ေပၚမွာ အေတာ္ေလးကို နာမည္ေက်ာ္ၾကားလ်က္ရွိပါတယ္ ။ ေရအျပည့္ျဖည့္ထားတဲ့ခြက္ ၊ ဒိုးနတ္ နဲ႔ အ႐ုပ္ စတဲ့ဘယ္အရာကိုမဆို မျပဳတ္က်ေအာင္ထိန္းထားတတ္လို႔ ‘King of Balancing’ ဆိုၿပီးေတာ့လည္း ေခြးေလးကို ေခၚဆိုၾကပါတယ္ ။
ေခြးေလးဟာ အခုလို ထိန္းညႇိတတ္တာ 3 ႏွစ္သာရွိပါေသးတယ္ ။ အစပိုင္းမွာေတာ့ ေခြးေလးရဲ႕သခင္က ေခြးေလးကို ထိုင္ခိုင္း ၊ လိမ့္ခိုင္း ၊ အိပ္ခိုင္း တာမ်ိဳးသင္ၾကားေပးေပမဲ့လည္း ေခြးေလးက လုံးဝစိတ္ဝင္စားျခင္းမရွိခဲ့ပါဘူး ။
ေနာက္ပိုင္းမွ ေခြးေလးရဲ႕သခင္က စေနာက္ၿပီးေခြးေလးရဲ႕ေခါင္းေပၚ အ႐ုပ္တစ္ခုတင္ထားလိုက္ပါတယ္ ။ သို႔ေပမဲ့ မယုံႏိုင္ေလာက္ေအာင္ အဆိုပါအ႐ုပ္ကိုျပဳတ္မက်ေအာင္ ထိန္းထားတာကို သခင္ျဖစ္သူက အံ့အားသင့္စြာေတြ႕ခဲ့ရပါတယ္ ။ အျခားေသာပစၥည္းေတြ ေခြးေလးရဲ႕ေခါင္းေပၚ ထပ္တင္လိုက္ခ်ိန္မွာေတာ့ လုံးဝမျပဳတ္က်ခဲ့တဲ့အတြက္ သခင္က သူ႔ရဲ႕ေခြးေလးမွာ ပုန္းကြယ္ေနတဲ့အရည္အခ်င္းမ်ိဳးရွိေနခဲ့တယ္ဆိုၿပီး ေျပာဆိုကာ အေတာ္ေလးေပ်ာ္႐ႊင္သြားခဲ့ရပါတယ္ ။
ေနာက္ပိုင္းေခြးေလးကို အဆင့္ဆင့္ထိန္းညႇိႏိုင္ေအာင္ သခင္ျဖစ္သူက ဂ႐ုတစိုက္သင္ၾကားေပးခဲ့ပါတယ္ ။ ဒါ့အျပင္ ေခြးေလးအတြက္ social media accounts ေတြမ်ားစြာလည္းျပဳလုပ္ေပးခဲ့ၿပီး ၊ ေခြးေလးရဲ႕ဓာတ္ပုံေတြကို ေဝမွ်ေပးကာ followers အေတာ္မ်ားမ်ားပိုင္ဆိုင္ထားတဲ့ နာမည္ႀကီးေနတဲ့ ေခြးေလး ျဖစ္ေနခဲ့ပါၿပီ ။
Leave a Reply