ခေါင်းနှစ်လုံးနဲ့ မြွေကို အမြွှာဆိုပြီးမှတ်ယူကာ မွေးစားခဲ့တဲ့အမျိုးသမီး (ရုပ်သံ)

ခေါင်းနှစ်လုံးနဲ့ မြွေကို အမြွှာဆိုပြီးမှတ်ယူကာ မွေးစားခဲ့တဲ့အမျိုးသမီး (ရုပ်သံ)

Tanee Janusz အမည်ရှိတဲ့ အသက် 39 နှစ်အရွယ်ကျောင်းဆရာမဟာ ခေါင်းနှစ်လုံးနဲ့မြွေကို သူမရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးစားထားခဲ့ပါတယ် ။ အဆိုပါ ခေါင်းနှစ်လုံးနဲ့မြွေကိုတော့ သူမရဲ့မိတ်ဆွေ ခြံဝင်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး ၊ အခြားသူတွေသာ တွေ့ရှိခဲ့မယ်ဆိုရင်တော့ မြွေလေးဟာ အခုအချိန်ထိ အသက်ရှင်နိုင်ဖို့က မသေချာလောက်ပါဘူး ။ Tanee မှာ သားသမီး 3 ယောက်ရှိပြီး ၊ သူမရဲ့ကလေးတွေကလည်း သူမကိုယ်စားမြွေလေးကို ကြည့်ရှုစောက့်ရှောက်ပေးလျက်ရှိပါတယ် ။

မြွေလေးဟာ ခေါင်းနှစ်လုံးနဲ့မို့ သူမဟာ အမြွှာလို့မှတ်ယူပြီး File နှင့် Gumbo ဆိုပြီး အမည်ပေးထားခဲ့ပါတယ် ။ မြွေလေးတွေက ခန္ဓာကိုယ်တစ်ခုထဲ မျှသုံးနေရလို့ တစ်ခါတစ်လေ သွားချင်တဲ့နေရာချင်းမတူလို့ စိတ်အခြေအနေမတိုက်ဆိုင်လျှင် ရန်လိုတတ်ကြကြောင်းလည်း သိရှိရပါတယ် ။

Tanee ဟာ တောရိုင်းတိရစ္ဆာန်တွေအကြောင်း သင်ကြားပြသပေးတဲ့ ဆရာမဖြစ်တဲ့အတွက် တစ်ခါတစ်လေ မြွေလေးတွေကို ကျောင်းသို့ယူဆောင်သွားလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ ခေါင်းနှစ်လုံးနဲ့မြွေဟာ အတော်ရှားပါးပြီး အသက်ဆက်ရှင်နိုင်ဖို့ ခက်ခဲပေမဲ့လည်း File နှင့် Gumbo မှာတော့ ကျန်းကျန်းမာမာနှင့် တစ်နှစ်သားအရွယ်ခန့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။Tanee ဟာ အခြားတိရစ္ဆာန်တွေအတော်များများကိုလည်း ကယ်ဆယ်ကျွေးမွေးပြုစုထားလေ့ရှိကြောင်း သိရပါတယ် ။

Zawgyi

ေခါင္းႏွစ္လုံးနဲ႔ ေႁမြကို အႁမႊာဆိုၿပီးမွတ္ယူကာ ေမြးစားခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)

Tanee Janusz အမည္ရွိတဲ့ အသက္ 39 ႏွစ္အ႐ြယ္ေက်ာင္းဆရာမဟာ ေခါင္းႏွစ္လုံးနဲ႔ေႁမြကို သူမရဲ႕အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးစားထားခဲ့ပါတယ္ ။ အဆိုပါ ေခါင္းႏွစ္လုံးနဲ႔ေႁမြကိုေတာ့ သူမရဲ႕မိတ္ေဆြ ၿခံဝင္ထဲမွာေတြ႕ရွိခဲ့တာျဖစ္ၿပီး ၊ အျခားသူေတြသာ ေတြ႕ရွိခဲ့မယ္ဆိုရင္ေတာ့ ေႁမြေလးဟာ အခုအခ်ိန္ထိ အသက္ရွင္ႏိုင္ဖို႔က မေသခ်ာေလာက္ပါဘူး ။ Tanee မွာ သားသမီး 3 ေယာက္ရွိၿပီး ၊ သူမရဲ႕ကေလးေတြကလည္း သူမကိုယ္စားေႁမြေလးကို ၾကည့္ရႈေစာက့္ေရွာက္ေပးလ်က္ရွိပါတယ္ ။

ေႁမြေလးဟာ ေခါင္းႏွစ္လုံးနဲ႔မို႔ သူမဟာ အႁမႊာလို႔မွတ္ယူၿပီး File ႏွင့္ Gumbo ဆိုၿပီး အမည္ေပးထားခဲ့ပါတယ္ ။ ေႁမြေလးေတြက ခႏၶာကိုယ္တစ္ခုထဲ မွ်သုံးေနရလို႔ တစ္ခါတစ္ေလ သြားခ်င္တဲ့ေနရာခ်င္းမတူလို႔ စိတ္အေျခအေနမတိုက္ဆိုင္လွ်င္ ရန္လိုတတ္ၾကေၾကာင္းလည္း သိရွိရပါတယ္ ။

Tanee ဟာ ေတာ႐ိုင္းတိရစာၦန္ေတြအေၾကာင္း သင္ၾကားျပသေပးတဲ့ ဆရာမျဖစ္တဲ့အတြက္ တစ္ခါတစ္ေလ ေႁမြေလးေတြကို ေက်ာင္းသို႔ယူေဆာင္သြားေလ့ရွိေၾကာင္းလည္း သိရွိရပါတယ္ ။ ေခါင္းႏွစ္လုံးနဲ႔ေႁမြဟာ အေတာ္ရွားပါးၿပီး အသက္ဆက္ရွင္ႏိုင္ဖို႔ ခက္ခဲေပမဲ့လည္း File ႏွင့္ Gumbo မွာေတာ့ က်န္းက်န္းမာမာႏွင့္ တစ္ႏွစ္သားအ႐ြယ္ခန႔္ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္ ။Tanee ဟာ အျခားတိရစာၦန္ေတြအေတာ္မ်ားမ်ားကိုလည္း ကယ္ဆယ္ေကြၽးေမြးျပဳစုထားေလ့ရွိေၾကာင္း သိရပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*