ခေါင်းထပ်ကြီးတဲ့ အမွေးလုံးကို ကြည့်ရင်း မယုံမကြည်ဖြစ်နေခဲ့တဲ့ ကြောင်လေး

အခုတစ်ခေါက်မှာတော့ အမွေးပွ ၊ အမွေးထူတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးဖူးတဲ့သူတိုင်း ကြုံဖူးကြမှာပါ။သူတို့ အမွေးတွေကို လိုက်ရှင်းရတာမလွယ်သလို နေရာတိုင်းမှာလည်း အမွေးတွေနဲ့ ပြည့်နေတတ်ပါတယ်။

အခုလည်း ပင်ပင်ပန်းပန်း လိုက်ရှင်းရင်း စုဆောင်းထားခဲ့တဲ့ကြောင်လေးရဲ့အမွေးလုံးကို သခင်ဖြစ်သူက ကြောင်လေးကိုပြလိုက်တော့ သူ့ခေါင်းထပ်ကြီးနေလို့ သူ့ကိုယ်သူ အတော်လေး မယုံမကြည်ဖြစ်နေတဲ့ကြောင်လေးရဲ့ရုပ်က ချစ်ဖို့ကောင်းလို့ social media မှာ ရေပန်းစားနေခဲ့တာပါ။ကြောင်လေးက မျက်လုံးပြူးလိုက် ၊ သူမဟုတ်ကြောင်း မျက်မှောင်ကြုတ်ပြလိုက် နဲ့ တအံ့တဩကို ဖြစ်နေခဲ့ရပါတယ်။

သခင်ဖြစ်သူက “သံသယဖြစ်မနေနဲ့ ၊ ဒါတွေအကုန်လုံးက နင့်ကိုယ်ပေါ်ကနေလာတာ” လို့ဆိုရင်း ကြောင်လေးရဲ့ပုံတွေကို မျှဝေထားခဲ့တာပါ။

 

384

Be the first to comment

Leave a Reply

Your email address will not be published.


*