ခေါက်ဆွဲဖိုးရှင်းဖို့ ငွေမလောက်တော့လို့ ၂နှစ်အရွယ်သမီးကို စားသောက်ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်

လူအချို့က စားသောက်ဆိုင်တစ်ဆိုင်မှာ အစားစားပြီး ဘေရှင်းဖို့ ငွေမလောက်တဲ့အခါ ဆိုင်နောက်သွားပြီး ကိုယ်စားခဲ့တာနဲ့တန်အောင် ပန်းကန်တွေထိုင်ဆေးတတ်ကြတာကို တွေ့ဖူးကြမှာပါ။သို့ပေမဲ့ တရုတ်နိုင်ငံ Guangdong ပြည်နယ် Foshanမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ၂ နှစ်အရွယ်သမီးနှင့်အတူ ခေါက်ဆွဲတစ်ပွဲမှာယူပြီး စားသောက်ခဲ့ကြပါတယ်။

ထိုအမျိုးသားဟာ ၆ ယွမ်ကျတဲ့ခေါက်ဆွဲတစ်ပွဲကိုငွေရှင်းရန် သူ့မှာ ၁ ယွမ်သာရှိတာကို သိလိုက်တဲ့အခါ ဒီအခြေအနေကိုကိုင်တွယ်ရန် ပိုပြီးလက်တွေ့ကျတဲ့နည်းလမ်းကိုစဉ်းစားမိနိုင်ပေမဲ့လည်း စားသောက်ဆိုင်မှာ သူ့ကလေးကိုထားခဲ့ခြင်းကကောင်းတဲ့အကြံဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။“ငါ သူ့ကို ဒီမှာ ခဏထားခဲ့မယ် ၊ ငါ ပိုက်ဆံပြန်ယူပြီး သူ့ကိုပြန်လာခေါ်မယ် ” လို့ ထိုအမျိုးသားက ငွေရှင်းကောင်တာရှိဝန်ထမ်းတစ်ဦးအား ပြောခဲ့ပါတယ်။

ကလေးမလေးကလည်း ဖခင်ဖြစ်သူက ၎င်းအဆောက်အအုံမှ ထွက်သွားတာနှင့်တစ်ပြိုင်နက် လိုက်ပြေးရင်းငိုနေခဲ့ရပါတယ်။ထို့နောက် ဆိုင်ပိုင်ရှင်က ကလေးမလေးကို မီးဖိုချောင်ထဲမှာထိုင်စေပြီး ပဲနို့ပုလင်းတစ်ခွက်ပေးလိုက်ပါတယ်။ဆိုင်ပိုင်ရှင်က ကလေးမလေးအား တစ်ကယ်ကြီး ထားရစ်ခဲ့ပြီလို့ထင်ကာ အပြင်ထွက်သွားတဲ့ အဆိုပါအမျိုးသားရဲ့တည်နေရာကိုလိုက်ရှာရန် ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။

ထို့နောက် အဆိုပါအမျိုးသားဟာ နာရီပေါင်းများစွာအကြာမှာ စားသောက်ဆိုင်သို့ပြန်ရောက်ရှိလာပြီး ၎င်းနေရာမှာ သူ့သမီးကိုမတွေ့တော့တဲ့အခါ တုန်လှုပ်သွားခဲ့ပြီး ဆိုင်ရှင်က ရဲခေါ်ထားမှန်း သိလိုက်ရတော့ သူဟာ အရမ်းဒေါသထွက်သွားခဲ့ပါတယ်။

“ ဒီလူက သူ့သမီးကို စွန့်ခွာပြီး ပိုက်ဆံပြန်ယူဖို့ပဲ ကြိုးစားခဲ့တာပါ ၊ ပြီးတော့ ဆိုင်အလာလမ်းမှာ သူ့ရဲ့လျှပ်စစ်ဆိုင်ကယ်က ဘက်ထရီအားကုန်သွားလို့ ဘက်ထရီအားသွင်းဖို့စောင့်နေရတာကြောင့် စားသောက်ဆိုင်ကို ပြန်လာဖို့ အချိန် တော်တော်လေးကြာသွားခဲ့တာပါ “ လို့ Shunde ခရိုင်ရှိ Huang Zhenyu အမည်ရှိရဲအရာရှိ က ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာအရ မိသားစုအမည် Ding လို့ခေါ်တဲ့ အဆိုပါအမျိုးသားဟာ ရဲထံမှ ခက်ထန်တဲ့ဆုံးမမှုများကို လက်ခံရရှိခဲ့ပြီးနောက် သူ့ရဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*