ခေတ်သစ်လူနေမှုပုံစံတွေကြောင့် အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်း ကျဆင်းလာ

အမျိုးသားတွေရဲ့ သုက်ပိုး အရည်အသွေးတွေဟာ နှစ်စဉ် တဖြည်းဖြည်းနဲ့ ကျဆင်းလာတယ်လို့ လေ့လာမှုတွေက ဖော်ပြနေပါတယ်။ ဘာကြောင့်လဲဆိုရင် ခေတ်သစ် လူနေမှုဘဝပုံစံတွေက မျိုးပွားနိုင်တဲ့ ဖွံ့ဖြိုးနိုင်မှုတွေကို ဖျက်ဆီးသလို ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ ဆေးမှတ်တမ်းတွေမှာ အမျိုးသားတွေရဲ့ သုက်ပိုးအရေအတွက်က တစ်နှစ်ကို ၁.၈ ရာခိုင်နှုန်းစီ ကျဆင်းလာတာကို တွေ့နေရတာ ဖြစ်ပါတယ်။

လေ့လာသူတွေက အမျိုးသား အများစု မျိုးအောင်ဖို့ ခဲယဉ်းလာတာဟာ အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့ အလုပ်တွေ အနေအထိုင်တွေနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ လူနေမှုဘဝ ပုံစံတွေကြောင့် ဖြစ်ပေါ်လာသလို အဆီတွေ ပြည့်ဝနေတဲ့ အစားအသောက်တွေကြောင့် သုက်ပိုး အရည်အသွေးတွေ ကျဆင်းလာရတာလို့ ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အချက်တစ်ခုက လေထု ရေထု စတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုတွေကလည်း အဓိက အကြောင်းအရင်းတစ်ချက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကျွမ်းကျင်သူတွေဟာ လူသားမျိုးစိတ်တွေ ပျက်သုဉ်းသွားလိမ့်မယ်လို့တောင် သတိပေးခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေမှာဆိုရင် ယောက်ျားတွေရဲ့ သုက်ပိုး ပျှမ်းမျှ အရေအတွက်ဟာ ထက်ဝက်လောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဆစ်ဒနီ ကီမယ် (Sidney Kimmel) ဆေးတက္ကသိုလ်ရဲ့ လေ့လာချက်အရ စပိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ယောက်ျားပေါင်း ၁၂၀,၀၀၀ နီးပါးလောက်ဟာ မျိုးပွားမှုနဲ့ ပတ်သက်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*