
Speck လို့ခေါ်တဲ့ ဒီခွေးလေးဟာ Bullock County Humane Society မှာရှိတဲ့ သူ့ရဲ့လှောင်အိမ်ထဲမှာ နေခဲ့တုန်းက လှောင်အိမ်ရှေ့ဖြတ်လျှောက်သွားသူတိုင်းကို လက်လေးထုတ်ရင်း အချစ်ခံရဖို့နှုတ်ဆက်တတ်ပါတယ်။Speck က ဂေဟာ မှာ နေခဲ့တာ တစ်နှစ်ကြာပြီဆိုပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို အိမ်ခေါ်မွေးစားဖို့ အမြဲတောင်းတနေခဲ့ပါတယ်။
သူဟာ အဲ့လိုလုပ်ဖို့လည်း အရှုံမပေးခဲ့ပါဘူး။Speck ဟာ တစ်စုံတစ်ယောက်က သူ့လှောင်အိမ်ရှေ့ရောက်လာရင် သံတံခါးကြား မျက်နှာနဲ့လက်လေးထုတ်တတ်လို့ မြင်သူတိုင်းက သူ့ရဲ့ချစ်စရာကောင်းမှု၊ နွေးထွေးမှုတွေကို ရှောင်ဖယ်လို့မရအောင် ဖြစ်နေခဲ့ရပါတယ်။
Speck ဟာ ခွေးကြီးတွေ ၊ကြောင်တွေ နဲ့ အရုပ်တွေထပ် လူတွေရဲ့အာရုံစိုက်မှုကို ပိုနှစ်သက်သလို လူတွေနဲ့အကြည့်ချင်းစုံတဲ့အခါ အခြားဘယ်အရာကိုမှ အရေးမစိုက်တတ်တော့ပါဘူး။Speck က သူနဲ့တွေ့ဆုံလိုက်တဲ့သူတိုင်းကို သူ့အချစ်တွေနဲ့ လွှမ်းမိုးစေတတ်ပြီး အကယ်လို့ သူ့လှောင်အိမ်ထိုင်ချလိုက်ရင် သင့်လက်ကို လှမ်းထိတတ်ပါသေးတယ်။
ထို့ကြောင့် အဆိုပါဂေဟာကလည်း သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အကျင့်ကို ကမ္ဘာကို ချပြဖို့ ရိုက်ကူးခဲ့ပြီး social media ပေါ်မျှဝေပေးခဲ့ပြီးနောက် လူအများက Speck လေးကို ချစ်မဆုံးဖြစ်ခဲ့ကြပါတယ်။
အဆိုပါဗီဒီယိုဟာ Speck လေးရဲ့ဘဝကို ပြောင်းလဲပစ်ဖို့ အချိန် ၃ ရက်သာကြာခဲ့ပြီး ဂေဟာရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ Speck ကို မွေးစားမယ့် မိသားစုဆီမှ အဆက်အသွယ်ရခဲ့ပါတော့တယ်။Speck ဟာ နောက်ဆုံး သူနဲ့ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အံ့ဩစရာကောင်းတဲ့ လယ်ကွင်းကျယ်ပတ်ပတ်လည်မှာ သူ့မောင်နှမအသစ်တွေနဲ့ ပြေးလွှားရင်း မိသားစုအသစ်နဲ့ ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။
Leave a Reply