
ခန်းမကျယ်ကြီးထဲ မင်္ဂလာဆောင်ရတာကို အားကျလွန်းလို့ သတို့သမီးအရံအဖြစ် ၁၂၅ ကြိမ် ထိ လုပ်ခဲ့ပေမယ့် ကိုယ်တိုင် မင်္ဂလာဆောင်ရချိန်မှာတော့ အွန်လိုင်းပေါ်မှသာ မင်္ဂလာဆောင်ခဲ့ရသည့် ကံဆိုးလွန်းတဲ့ ကောင်မလေး
ခန်းမကြီးထဲတွင် ကြီးကျယ်ခမ်းနားစွာဖြင့် ဧည့်ပရိတ်သတ်အလယ်တွင် မင်္ဂလာပွဲလေးကို ကျင်းပလိုကြသည်မှာ မိနကလေးတိုင်း၏ အိမ်မက်ပင်ဖြစ်ပေသည်။ယခုတွင်လည်း အမေရိကန်နိုင်ငံမှ Jen Glanzဆိုသည့်ကောင်မလေးသည် တခြားသော ချစ်သူစုံတွဲတိုင်း၏ မင်္ဂလာဧည့်ခံပွဲများကို အားကျနေခဲ့ရသည်။
ထို့ကြောင့်ပင် မင်္ဂလာပွဲတိုင်းအတွက် သတိုးသမီးအရံအနေဖြင့် ကူညီပေးလေ့ရှိပြီး ၆နှစ်အတွင်းတွင် ၁၂၅ကြိမ်အထိ သတိုးသမီးအရံလုပ်ခဲ့ပါတယ်။သို့သော်လည်း သူမ မင်္ဂလာဆောင်သည့်အချိန်တွင် ရက်သတ်မှတ်ပြီးမှ ကပ်ဆိုးရောဂါကြီး ဆိုက်ရောက်လာသောကြောင့် လိုင်းပေါ်မှ တစ်ဆင့် သူငယ်ချင်းများနှင့်သာ မင်္ဂလာဆောင်ခဲ့ရပါတယ်။
ကောင်မလေးဟာ အမှတ်တရဓာတ်ပုံအနည်းငယ်သာ အပြင်ထွက် ရိုက်ကူးခဲ့ရသော်လည်း ဝမ်းနည်းခြင်းမရှိဘဲ ပျော်ရွင်ကျေနပ်နေခဲ့ပါတယ်။
Leave a Reply