ခန္ဓာကိုယ်အချိုးအစားကအရမ်းကြည့်ကောင်းလာတာကြောင့် အေဂျင်စီကတောင် လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ဖို့ မှာကြားလိုက်ရတဲ့ Idol တစ်ဦး (ရုပ်သံ)

ခန္ဓာကိုယ်အချိုးအစားကအရမ်းကြည့်ကောင်းလာတာကြောင့် အေဂျင်စီကတောင် လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ဖို့ မှာကြားလိုက်ရတဲ့ Idol တစ်ဦး (ရုပ်သံ)

K-Pop ပရိသတ်တော်တော်များများက Idol တွေဟာ ၎င်းတို့နှင့်သက်ဆိုင်တဲ့အေဂျင်စီများရဲ့ အထူး အနီးကပ်စောင့်ကြည့်ခံနေကြရတယ်ဆိုတာကို ကောင်းကောင်းကြီး သိထားကြပါတယ်။ ဤ Idol အများစုဟာ သီးခြားပုံရိပ်တစ်ခုကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ၎င်းတို့ရဲ့ ဂီတအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတစ်ခုအထိ တင်းကြပ်စွာ စောင့်ကြည့်ခံနေရမည်ဖြစ်ပါတယ်။

မကြာသေးမီက Kpop boy band တစ်ဖွဲ့ဖြစ်တဲ့ Pentagon ရဲ့အေဂျင်စီဖြစ်တဲ့ Cube Entertainment မှ ၎င်း Pentagon ရဲ့ အဖွဲ့ဝင် Hongseok ဟာ လတ်တလောမှာ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို ကြည်ကောင်းလာအောင် အလွန် ထိန်းသိမ်းတည်ဆောက်နေတာကြောင့် လေ့ကျင့်ခန်းလုပ်တာကိုရပ်တန့်ရန် ပြောကြားခဲ့ကြောင်း အင်တာနက်အသုံးပြုသူတစ်ဦးက မျှဝေခဲ့ပါတယ်။

အမှန်တော့ Hongseok ဟာ ဝါသနာအသစ်တစ်ခုကို ကောက်ယူလိုက်တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း လုံးဝကို ကြည်ကောင်းလာခြင်းကြောင့်ဘဲဖြစ်ပါတယ်။ Hongseok ဟာ သူ့ရဲ့ပြောင်ပြောင်တင်းတင်း တင်းမာတဲ့ခန္ဓာကိုယ်ကို ပရိသတ်တွေ သဘောကျနေတာကြောင့် သူ့ရဲ့တိုးတက်မှုကို ပရိသတ်တွေထံ အမြဲတစေ အပ်ဒိတ်လုပ်ပေးခဲ့ပါတယ်။ ထို့ကြောင့် အင်တာနက်သုံးစွဲသူတွေနဲ့ ပရိသတ်တွေက “သူ့ကို မတားပါနဲ့” ၊ “အိုး သူတကယ်ကြည့်ကောင်းလိုက်တာ”၊ “မရပ်ပါနဲ့” ၊”

သူ့ခန္ဓာကိုယ်က အရမ်းကောင်းတယ်ထင်တာပဲ၊ ဘာလို့ သူ့ကိုတားနေကြတာလဲ” ဆိုပြီး အင်တာနက်အသုံးပြုသူတွေနဲ့ ပရိသတ်တွေက ၎င်းအေဂျင်စီကို မတားဖို့ပြောရင်း စုစုရုံးရုံးနဲ့ အင်တိုက်အားတိုက် မှတ်ချက်ပေးခဲ့ကြပါတယ်။

ထို့ပြင် “သူ့မှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိတာဘဲ” ၊”အေဂျင်စီက သူ့ကိုတားဖို့ မလိုဘူးထင်တယ်”၊ “ရိုးရိုးသားသားပြောရရင် အဲ့ခန္ဓာကိုယ်က သူ့အဝတ်အစားတွေနဲ့ ပိုအဆင်ပြေတယ်” ၊ “သူ့ပုခုံးတွေက အရမ်းကျယ်တယ်ကော” လို့လည်း မှတ်ချက်များပေးခဲ့ကြပါတယ်။

Zawgyi

ခႏၶာကိုယ္အခ်ိဳးအစားကအရမ္းၾကည့္ေကာင္းလာတာေၾကာင့္ ေအဂ်င္စီကေတာင္ ေလ့က်င့္ျခင္းကို ရပ္တန႔္လိုက္ဖို႔ မွာၾကားလိုက္ရတဲ့ Idol တစ္ဦး (႐ုပ္သံ)


K-Pop ပရိသတ္ေတာ္ေတာ္မ်ားမ်ားက Idol ေတြဟာ ၎တို႔ႏွင့္သက္ဆိုင္တဲ့ေအဂ်င္စီမ်ားရဲ႕ အထူး အနီးကပ္ေစာင့္ၾကည့္ခံေနၾကရတယ္ဆိုတာကို ေကာင္းေကာင္းႀကီး သိထားၾကပါတယ္။ ဤ Idol အမ်ားစုဟာ သီးျခားပုံရိပ္တစ္ခုကို ထိန္းသိမ္းထားရမည္ျဖစ္ၿပီး ၎တို႔ရဲ႕ ဂီတအသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ကာလတစ္ခုအထိ တင္းၾကပ္စြာ ေစာင့္ၾကည့္ခံေနရမည္ျဖစ္ပါတယ္။

မၾကာေသးမီက Kpop boy band တစ္ဖြဲ႕ျဖစ္တဲ့ Pentagon ရဲ႕ေအဂ်င္စီျဖစ္တဲ့ Cube Entertainment မွ ၎ Pentagon ရဲ႕ အဖြဲ႕ဝင္ Hongseok ဟာ လတ္တေလာမွာ သူ႔ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားကို ၾကည္ေကာင္းလာေအာင္ အလြန္ ထိန္းသိမ္းတည္ေဆာက္ေနတာေၾကာင့္ ေလ့က်င့္ခန္းလုပ္တာကိုရပ္တန႔္ရန္ ေျပာၾကားခဲ့ေၾကာင္း အင္တာနက္အသုံးျပဳသူတစ္ဦးက မွ်ေဝခဲ့ပါတယ္။

အမွန္ေတာ့ Hongseok ဟာ ဝါသနာအသစ္တစ္ခုကို ေကာက္ယူလိုက္တာေၾကာင့္ သူ႔ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကလည္း လုံးဝကို ၾကည္ေကာင္းလာျခင္းေၾကာင့္ဘဲျဖစ္ပါတယ္။ Hongseok ဟာ သူ႔ရဲ႕ေျပာင္ေျပာင္တင္းတင္း တင္းမာတဲ့ခႏၶာကိုယ္ကို ပရိသတ္ေတြ သေဘာက်ေနတာေၾကာင့္ သူ႔ရဲ႕တိုးတက္မႈကို ပရိသတ္ေတြထံ အၿမဲတေစ အပ္ဒိတ္လုပ္ေပးခဲ့ပါတယ္။ ထို႔ေၾကာင့္ အင္တာနက္သုံးစြဲသူေတြနဲ႔ ပရိသတ္ေတြက “သူ႔ကို မတားပါနဲ႔” ၊ “အိုး သူတကယ္ၾကည့္ေကာင္းလိုက္တာ”၊ “မရပ္ပါနဲ႔” ၊”

သူ႔ခႏၶာကိုယ္က အရမ္းေကာင္းတယ္ထင္တာပဲ၊ ဘာလို႔ သူ႔ကိုတားေနၾကတာလဲ” ဆိုၿပီး အင္တာနက္အသုံးျပဳသူေတြနဲ႔ ပရိသတ္ေတြက ၎ေအဂ်င္စီကို မတားဖို႔ေျပာရင္း စုစု႐ုံး႐ုံးနဲ႔ အင္တိုက္အားတိုက္ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ထို႔ျပင္ “သူ႔မွာ ၿပီးျပည့္စုံတဲ့ ခႏၶာကိုယ္ရွိတာဘဲ” ၊”ေအဂ်င္စီက သူ႔ကိုတားဖို႔ မလိုဘူးထင္တယ္”၊ “႐ိုး႐ိုးသားသားေျပာရရင္ အဲ့ခႏၶာကိုယ္က သူ႔အဝတ္အစားေတြနဲ႔ ပိုအဆင္ေျပတယ္” ၊ “သူ႔ပုခုံးေတြက အရမ္းက်ယ္တယ္ေကာ” လို႔လည္း မွတ္ခ်က္မ်ားေပးခဲ့ၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*