ခင်ပွန်းဖြစ်သူဧ။်ထားသွားခြင်းကို ခံခဲ့ရပြီး အတော်လေး ဒုက္ခရောက်ခဲ့ရသော်လည်း အလုပ်မျိုးစုံလုပ်ကာ ကြိုးစားနေသည့် လေးစားဖွယ်ရာ မိခင်တစ်ဦး
ခင်ပွန်းဖြစ်သူဧ။်ထားသွားခြင်းကို ခံခဲ့ရပြီး အတော်လေး ဒုက္ခရောက်ခဲ့ရသော်လည်း အလုပ်မျိုးစုံလုပ်ကာ ကြိုးစားနေသည့် လေးစားဖွယ်ရာ မိခင်တစ်ဦး
တရုတ်နိုင်ငံ Fujianပြည်နယ်တွင် နေထိုင်သော အသက်၃၀နှစ်အရွယ် အမျိုးသမီးသည် အသက်၁၈နှစ်အရွယ်မှာပဲအိမ်ထောင်ကျခဲ့ပြီး သမီးလေးမွေးပြီးမကြာမှီ ကံဆိုးစွာပဲ ခင်ပွန်းဖြစ်သူရဲ့ ထားသွားခြင်းကို ခံခဲ့ရသည်။
ထိုစဥ် အမျိုးသမီးသည် ကလေးငယ်ငယ်နဲ့ အတော်လေး ဒုက္ခရောက်ခဲ့ရာ စုဆောင်းထားသောငွေလေးနှင့်အတူ ကြွေထည်ကြွေပြားစက်ရုံအား ဖွင့်လှစ်ခဲ့ရာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိသည့်အတွက် အရှုံးပေါ်ပြီးနောက် အကြွေးများစွာတင်ကာ စက်ရုံကြီးအား ပိတ်ပစ်လိုက်ရသည်။
အမျိုးသမီးလည်း မတတ်နိုင်သည့်အဆုံး တောင်ခြေက မွေးရပ်မြေဖြစ်သည့် ရွာငယ်လေးဆီက အမေ့အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် လယ်ယာမြေများကို ကိုယ်တိုင်ထွန်ယက်ကာ နေ့နေ့ညညကြိုးစားခဲ့ခြင်းဖြင့် နှစ်စဥ်ဝင်ငွေများစွာရရှိကာ အကြွေးအားလုံးလည်း ဆပ်နိုင်ခဲ့သည်။
ကြင်ဖော်မဲ့မိခင်တစ်ယောက်ဖြစ်သွားသော်လည်း ပင်ပန်းခက်ခဲသော်လည်း ဇွဲရှိရှိကြိုးစားအားထုတ်မှုကြောင့် ပြန်လည်အောင်မြင်လာကာ သူမရဲ့နေ့စဥ်လှုပ်ရှားမှုများကို Tik Tokတွင် ဗီဒီယိုလေးများရိုက်ကူးကာ မျှဝေခြင်းဖြင့် Followerမှာ ၁၃သန်းကျော်ပင် ရှိနေခဲ့ကာ အများမှ လေးစားကာ ချီးမွမ်းခဲ့ကြသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*