ခင်ပွန်းဖြစ်သူမှာ ကွန်ပျူတာဂိမ်းဖြင့်သာ တစ်နေကုန်အချိန်ဖြုန်းနေသောကြောင့် စားဝတ်နေရေးအတွက် ကလေးနှစ်ယောက်နှင့်အတူ အစားအသောက်ပို့လုပ်ငန်းကို လုပ်ကိုင်နေရသူလေး

ခင်ပွန်းဖြစ်သူမှာ ကွန်ပျူတာဂိမ်းဖြင့်သာ တစ်နေကုန်အချိန်ဖြုန်းနေသောကြောင့် စားဝတ်နေရေးအတွက် ကလေးနှစ်ယောက်နှင့်အတူ အစားအသောက်ပို့လုပ်ငန်းကို လုပ်ကိုင်နေရသူလေး

ကောင်မလေး၏အကြောင်းကို ပြောပြရမည်ဆိုလျှင် အလွန်ပင်ဝမ်းနည်းဖွယ်ကောင်းလွန်းလှပေသည်။ကောင်မလေးဟာ ရုရှားနိုင်ငံတွင် နေထိုင်ပြီး ကလေးနှစ်ယောက်နှင့်အတူ အလုပ်လုပ်ကိုင်နေရသူဖြစ်ပါတယ်။

သူမဟာ အသက်၁၇နှစ်အရွယ်တွင် ချစ်သူကောင်လေးနှင့် ကလေးတစ်ယောက်ကို ရရှိခဲ့ပြီး မိဘများက သဘောမတူသောကြောင့် နေအိမ်မှဆင်းကာ ချစ်သူကောင်လေးနှင့်အတူ မော်စကိုမြို့တွင် သွားရောက်နေထိုင်ခဲ့ပါတယ်။

ထို့နောက်တွင် ကောင်လေးဟာ ဆောက်လုပ်ရေးလုပ်သားအနေဖြင့် လုပ်ကိုင်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားပြီးသည့်နောက်တွင် အလုပ်လက်မဲ့ဖြစ်နေခဲ့ရပါတယ်။ထိုအချိန်မှစပြီး ကောင်လေးဟာ အလုပ်မလုပ်တော့ဘဲ ကွန်ပျူတာဂျမ်းကိုသာ ကစားနေခဲ့သည့်အတွက် ကောင်မလေးဟာ အိမ်ငှားခများနှင့် စားဝတ်နေရေးအတွက် ကိုယ်တိုင်အလုပ်ထွက်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။

ကလေးများကိုလည်းခင်ပွန်းက ကူထိန်းပေးရန်မဖြစ်နိုင်သောကြောင့် ကောက်မလေးဟာ ကလေးနှစ်ယောက်နှင့်အတူ အစားအသောက်များကို ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*