
ခင်ပွန်းဖြစ်သူက အလုပ် ၃ခုလုပ်ပြီး သူမအတွက် Laptop တစ်လုံးဖြင့် surprise လုပ်ပေးခဲ့လို့ မျက်ရည်ကျသွားခဲ့တဲ့ ဆရာမတစ်ဦး
အသက် ၂၅နှစ်အရွယ် Shahrul Amri Ibrahim အမည်ရှိအမျိုးသားဟာ သူငယ်တန်းဆရာမအဖြစ်အလုပ်လုပ်နေတဲ့ ၂၅နှစ်အရွယ် Nurul Akma Abd Rashid အမည်ရှိဇနီးအတွက် secondhand laptop တစ်လုံးဝယ်ပေးဖို့ အလုပ် ၃ခု လုပ်ခဲ့ပါတယ်။Shahrul Amri Ibrahimနှင့်ဇနီးဖြစ်သူတို့ဟာ ၂၀၂၀ နိုဝင်ဘာလ မှာ လက်ထပ်ခဲ့ကြပါတယ်။
Shahrul က သူ့ရဲ့ရည်ရွယ်ချက်မှာ အိမ်ထောင်ရေးပျော်ရွှင်မှုကိုပြသရန်မဟုတ်ဘဲဇနီးရဲ့အလုပ်အတွက် ပိုမိုလွယ်ကူစေရန်ဖဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ဇနီးဖြစ်သူဟာ ဆရာတစ်ဦးဖြစ်သောကြောင့် laptopကို စာမေးပွဲပစ္စည်းများနှင့်မေးခွန်းများကို ပြင်ဆင်ခြင်းနှင့် ကျောင်းသားများအတွက် အွန်လိုင်းသင်တန်းများပြုလုပ်ရန်လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။ဇနီးဖြစ်သူက သူ့အား ဘယ်တော့မှ ညည်းညူပြီး laptop ဝယ်ပေးဖို့ မတောင်းဆိုခဲ့ပေမဲ့ ကျောင်းမှဌားရမ်းရတာ ၊အဆင်မပြေဖြစ်တာတို့ကို မြင်နေရလို့ စိတ်မကောင်းဖြစ်မိကြောင်း Shahrul က ဆိုခဲ့ပါတယ်။
ထို့ကြောင့် Shahrul ဟာ laptop တစ်လုံးဝယ်ပေးဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက သူ့ရဲ့ဝင်ငွေရင်းမြစ်သုံးခုမှ ဇီဝဆေးပညာကျွမ်းကျင်သူ ၊ အစားအစာဖြန့်ဝေသူနှင့် သူ့ရဲ့အွန်လိုင်းစီးပွါးရေးလုပ်ငန်းများမှငွေကိုစုဆောင်းခဲ့ပါတယ်။ Shahrul ဟာ laptop အသစ်တစ်လုံးကို မဝယ်ပေးနိုင်တာကြောင့် secondhand ဆိုင်က ရင်းဂစ် ၉၀၀ တန် တစ်လုံးကို ဝယ်ခဲ့ရပါတယ်။
ထို့နောက် Shahrul ဟာ ဇနီးဖြစ်သူရဲ့ခေါင်းအုံးအောက်ကို laptop ထည့်ပြီး စပရိုက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ထိုနေ့မှာ သူဟာ ဇနီးအား ပုံမှန်ထပ် အချိန်ထပ်နောက်ကျမှ သွားကြိုခဲ့ပြီး ဇနီးအတွက် ဝမ်းသာစရာအဖြစ်အပျက်တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။
ဇနီးဖြစ်သူကလည်း ခေါင်းအုံးအောက်မှာ သူမအတွက် လက်ဆောင်ရှိမှန်းသိတော့ ခေါင်းအုံးအောက်ကို နှိုက်ကြည့်ခဲ့ပြီး ထို့နောက် သူမဟာ ချက်ချင်းဘဲ မျက်ရည်ကျသွားခဲ့ပါတယ်။Shahrul က သူဟာ တစ်ပတ်ရစ် laptop တစ်လုံး ဝယ်ရန်သာတတ်နိုင်ပေမဲ့လည်း သူ့ဇနီးပျော်ရွှင်စွာ နေထိုင်နိုင်ခဲ့တာကို ဂုဏ်ယူကြောင်းပြောကြားခဲ့သလို “ ငါတို့ချစ်တဲ့လူတွေရဲ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်လို့ ဖြစ်ပေါ်လာတဲ့ပျော်ရွှင်မှုကို အခြားဈေးကြီးတဲ့အရာတွေနဲ့တိုင်းတာလို့မရဘူးလို့ ငါနားလည်ထားတယ် ၊
သူလေးလည်း ဒီ laptop လေးနဲ့ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ” လို့ ဆိုခဲ့ပါသေးတယ်။ချစ်တတ်တဲ့သူတွေကတော့ ဘယ်လိုဘဲဖြစ်နေပါစေ ကိုယ့်ကို အမြဲဂရုစိုက်နေတတ်စမြဲပါဘဲဗျာ။
Leave a Reply