
ခင်ပွန်းဖြစ်သူကို အလွန်ငြီးငွေ့ပြီး စိတ်ကုန်လာသောကြောင့် ကိုယ်တိုင်ကားမောင်းပြီး တစ်ဦးတည်း နေရာအနှံခရီးသွားခဲ့သည့် အသက်၅၆ရွယ်အဖွား
တစ်ခါတစ်လေအချိန်မျိုးတွင် အိမ်ထောင်ရေးသက်တမ်းကြာသည်နှင့်အမျှ ပျော်ရွှင်ခြင်းများဟာ အနည်းငယ်ပျောက်ဆုံးလာတတ်ပေသည်။ထိုအချိန်တွင် စိတ်ညစ်မှုများကို စတင်ခံစားလာရပြီး သည်းခံနိုင်မှုမရှိသောသူများသည် တစ်ဦးနှင့်တစ်ဦး ဝေးကွာခြင်းများ ဖြစ်ပေါ်လာတတ်ပေသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ ဟနန်ပြည်နယ်မှ အသက်၅၆နှစ်အရွယ်အဖွားတစ်ဦးသည်လည်း သူ၏ ခင်ပွန်းဖြစ်သူကို စိတ်ကုန်ငြီးငွေ့ခြင်းများဖြစ်လာခဲ့ပါတယ်။ထို့ကြောင့် ခင်ပွန်းနှင့် ကွာရှင်းလိုသော်လည်း သားသမီးများနှင့် မိသားစုတို့၏ မျက်နှာကိုကြည့်ပြီး ကွာရှင်းမှုကို မလုပ်ဆောင်ဘဲနေခဲ့ပါတယ်။
သို့သော်လည်း ခင်ပွန်းဖြစ်သူကို အလွန်ငြီးငွေ့နေပြီဖြစ်သောကြောင့် ခင်ပွန်းနှင့်ဝေးဝေးနေရန် တစ်ဦးတည်း ခရီးထွက်သွားခဲ့ပါတယ်။အဖွားဟာ ကားကိုကိုယ်တိုင်မောင်းပြီး ပစ္စည်းရိက္ခာများကို အပြည့်အစုံနိုင်ငံအနှံကို ခရီးထွက် လည်ပတ်ခဲ့ပါတယ်။
Leave a Reply